Part - {1} : Volume - {1} အချိန်နောက်ပြန်မဆုတ်သေးခင် ~

2.1K 191 7
                                    

လမ်းကြားထဲမှာ လူလေးယောက်က သူဖုန်းစားတစ်ယောက်ကို ရိုက်နှက်နေတယ်။ ဒီမြင်ကွင်းကို ခေါင်းလေး တစ်ချက်စောင်းကြည့်လိုက်ရုံနဲ့ မြင်နိုင်ကြပေမဲ့ ဘယ်သူမှ ဝင်မပါရဲကြဘူး။ ဘာလို့ဆို ဒီလေးယောက်က ဆိုးသွမ်းတဲ့ ဆန်ကုန်မြေလေးတွေအဖြစ် နာမည်ကြီးပြီး အရိုက်ခံထားရတဲ့ သူလည်း အမည်တောင် မရှိတဲ့ သူဖုန်းစားလေးလေ။

ကံမကောင်းရှာတဲ့ သူဖုန်းစားလေး၊ လူလ်စန်က သူ့ကိုယ်ခန္ဓာကိုယ်ကို တွန့်လိမ်ကာ နှိပ်စက်တဲ့ဒဏ်ကို အလူးအလဲ ခံနေရလေရဲ့။ သူ့ရဲ့ ‌ခန္ဓာကိုယ် ကွေးကွေးလေးက မိလ္လာမြောင်းတွေထဲကနေ တိုးထွက်လာတဲ့ ကြွက်နဲ့ တူတယ်။ သူ့ခမျာ နည်းနည်းလေးတောင် မလှုပ်ရဲဘူး။ သူသာ နည်းနည်းလောက် ခုခံလိုက်ရင် ပိုလို့တောင် အရိုက်ခံ‌ရမှာ သိနေခဲ့တယ်လေ။ ဒါကြောင့် သူ့ပါးစပ်ကို ခပ်တင်းတင်း‌ စေ့ထားရင်း သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ကာထားရုံပဲ ရှိတယ်။ ခြောက်သွေ့ပြီး အချောင်းလိုက်ဖြစ်နေတဲ့ ဆံပင်တွေကတော့ တုန်ခါလို့။

"အာာ ဘယ်လိုတောင် ခေါင်းမာတဲ့ ကောင်လဲကွာ။ တစ်ချက်တောင် မအော်ဘူး။"

လူမိုက်ဖွဲ့ဟာ လျှာထုတ်ပြောင်ပြလိုက်ကြတယ်။ ကြည့်ရတာ စိတ်ကျေနပ်စေဖို့အတွက် ရိုက်နှက်ခံရသူကို တုံ့ပြန်ဖို့ မျှော်လင့်နေသလိုပဲ။ ဘာမှမလုပ်နိုင်တဲ့ လူတစ်ယောက်ကို ရိုက်နှက်ရင်း ပျော်ရွှင်မှု ရှာသလိုပေါ့။

"ပျင်းလာပြီ။ ငါတို့ ကဒ်တွေပဲ သွားကစားရအောင်"

"သွားကြမယ်လေ"

"ညစ်ပတ်တဲ့ ခွေးကောင်။ မင်းဘဝကြီးကို ဒီလိုမျိုးမနေစမ်းနဲ့။"

ဆန်ကုန်မြေလေး တစ်ကောင်က လူလ်စန်ရဲ့ တုန်ယင်နေတဲ့ နောက်ကျောပေါ်ကို တံတွေးထွေးလိုက်ပြီး လှောင်ရယ်လိုက်ကာ လမ်းကြားထဲကနေ ထွက်သွားတယ်။

သူတို့တွေ ထွက်သွားတာနဲ့ လူလ်စန်က နံရံကို မှီတွယ်ရင်း ထရပ်လိုက်တယ်။ ခြေထောက်တစ်ချောင်းက ထော့နဲ့ထော့နဲ့ဖြစ်နေပြီး အရှေ့ကို ‌ဖြည်းဖြည်းချင်းပဲ သွားနေရတယ်။ ကြည့်ရတာ လူမိုက်ကောင်တွေက သူ့ရဲ့ အဓိက တစ်နေရာရာကို ရိုက်မိထားတယ် ဖြစ်ရမယ်။ သူခြေထောက်ကို အားပြုလိုက်တိုင်း အလွန့်အလွန်ကို နာကျင်နေရတယ်။

နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)Onde histórias criam vida. Descubra agora