ကာလ်တန် လူလ်စန်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင်း ဓားကို မြှောက်ကိုင်ထားတယ်။ လူလ်စန့်မျက်လုံးပြာတွေက ကြောက်လန့်နေပေမဲ့ လိမ်ညာမှု မရှိဘူး။ ဒီမျက်လုံးတွေက ရိုးသားတယ်ဆိုတာ သံသယဝင်စရာ မရှိဘူး။
အဲ့တာအပြင် လူလ်စန့်စကားတစ်လုံးစီတိုင်းက ကာလ်တန်ရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နေတယ်။ အဲ့ဒီ့စကားလုံးတွေက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ သူ့မရေမရာ ခံစားနေရတဲ့ အမျိုးမျိုးသော အရာတွေကို အတိအကျ လှုံဆော်နိုင်တယ်။ လူလ်စန်ပြောခဲ့သမျှကို ဆန့်ကျင်နိုင်မဲ့ နည်းလမ်းမရှိတာကြောင့် ဒေါသထွက်လာခဲ့တယ်။
"သေစမ်း!" ကာလ်တန်က သူ့ဓားကို မြေပြင်ပေါ် လွှင့်ပစ်လိုက်တယ်။ ချွမ်ခနဲ မြည်သံနဲ့အတူ လူလ်စန်က အိတ်အလွတ်တစ်လုံးလို တင်းထားသမျှ လျော့ကြသွားတယ်။
'အာ ငါအသက်ရှင်ပြီပဲ'
သူ တုန်ယင်နေပြီ။ ကာလ်တန်က မြေကြီးတွေကို ကန်ထည့်လိုက်ပြီး ဆဲရေးလိုက်ကာ သံချပ်ကာခေါင်းဆောင်းကို ချွတ်ပစ်လိုက်တယ်။
လူလ်စန်က သူ့ကို ရွှန်းရွှန်းစားစား ကြည့်နေလိုက်တယ်။ သူ့မှာ လူလ်စန်ထင်ထားတာထက်ကို ပိုလွန်တဲ့ ခန့်ခန့်ညားညား အသွင်အပြင်ရှိတယ်။ အနက်ရောင် ခေါင်းဆောင်းအောက်မှာ ဒီလောက် ကြည့်ကောင်းတဲ့ မျက်နှာရှိမယ်လို့ သူမထင်ခဲ့ဘူးလေ။ ကာလ်တန်ရဲ့ ထုဆစ်ထားသလို ခပ်ထင်းထင်း မေးရိုးက ရက်စက်တဲ့အလှတရားကို ထပ်ပေါင်းဖြည့်ထားတယ်။ ချွေးတွေစိုနေတဲ့ အနက်ရောင်ဆံပင်တွေက ကပိုကရို။ ဆံပင်တွေက မသပ်ရပ်ပေမဲ့လည်း ညစ်ပေသလို ပုံပေါ်ရမဲ့အစား မသပ်မရပ်ပုံစံလေးက အရိုင်းဆန်တဲ့ အငွေ့အသက်ကို ပေးတယ်။
"ပြန်လုပ်ရအောင်" ကာလ်တန်က သူ့ရဲ့ ဓားရိုးလို မေးရိုးနဲ့ လူလ်စန်လက်ကို ဆတ်ပြလိုက်တယ်။ လူလ်စန် ငုံ့ကြည့်လိုက်တော့ သူတစ်ချိန်လုံး အလံဖြူကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတာပဲ။
"အာ" နောက်တစ်ကြိမ် အညံ့ခံခိုင်းတာပေါ့?
လူလ်စန် နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြီး အလံကို မြှောက်ကာ ဆက်သ*လိုက်တယ်။ သူ့အသက်အတွက်တော့ နှစ်ခါပြန် မတောင်းဆိုနိုင်ပါဘူး။ စကားမပြောပဲ ကာလ်တန်က သူ့လက်ထဲက အလံကို ဆွဲယူသွားတယ်။
(ဒီနေရာမှာလေ အဆင့်အတန်းအရ ကာလ်တန်က နိမ့်တယ်ဆိုပေမဲ့ ဒီနေရာမှာ မင်းသားကြီးရဲ့ ကိုယ်စားလှယ်ဖြစ်နေတော့ လူလ်စန်က ဒူးထောက်ပြီး လက်နှစ်ဖက်နဲ့ တရိုတသေ ပေးရတယ်။ ဒီအတိုင်း ပေးလိုက်တယ်ဆိုတဲ့ စကားလုံး သုံးလိုက်ရင် သဘာဝမကျသလိုပဲမို့ ဆက်သလို့ သုံးလိုက်ရတာပါဗျ)
KAMU SEDANG MEMBACA
နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)
RomansaLanguage Korean Author(s) 포와송 Status in COO 146 chapters (completed) Licensed No Original Publisher 연필 - Pencil Publishing Associated Names 몰락한 영주님의 사정