Part - {14}

511 130 7
                                    

"ဒါဆို ပြဿနာက ဆာကာလ်တန်ပေါ့?" ဘဏ္ဍာထိန်းက မေးတယ်။

"ဟုတ်ကဲ့"

မြို့စားနယ်မြေကို ထိန်းသိမ်းပြီးကတည်းက အုပ်ချုပ်ရေး လုပ်ငန်းတွေအကုန် ရပ်ဆိုင်းကုန်တာ။ အဲ့တာအပြင် ကာလ်တန်က ရဲတိုက် အပြင်ဖက်နဲ့ အတွင်းကို ချိတ်ပိတ်ထားပြီး အပြင်ဖက်ကို အဆက်အသွယ် ပေးမလုပ်ဘူး။ ဘယ်လောက်ပဲ ဘေးဒုက္ခဖြစ်နေပါစေ၊ ကျိုင်းကောင်တွေ ဒါမှမဟုတ် အခြားအရာတွေ ဖြစ်နေပါစေ အုပ်စုလိုက် စုဝေးတာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတော့ လူလ်စန်အနေနဲ့ သူ့အမိန့်နဲ့ လူတွေ စုဝေးကြမှာကို ကာလ်တန်လက်ခံပါ့မလားဆိုတာ မသေချာဘူး။

"အခြေအနေက သူနားထောင်ပါ့မလားဆိုတာ မသေချာဘူး"

ကာလ်တန်က အရမ်း၊ အရမ်းကို သတိကြီးတယ်။ ဒုတိယ မင်းသားငယ်နောက်လိုက်တဲ့ သူတွေက ရန်သူတွေ ဖြစ်ပြီး ပထမမင်းသားကြီးနောက် လိုက်တဲ့သူတွေကကျ သူ့နောက်ကျောကို ဓားနဲ့ထိုးမဲ့ မဟာမိတ်တွေ ဖြစ်နေတာလေ။ ကိုယ်တိုင် အညံ့ခံခဲ့တဲ့ လူလ်စန်ကကျ ယုံကြည်နိုင်စရာ ဖြစ်ရင်တောင် အခြေအနေအရတော့ မယုံရဲဘူး။ ကာလ်တန်က လူလ်စန်ကို သူ့လက်အောက် သွင်းရင်သာ သွင်းထားမယ်၊ ဒါပေမဲ့ သူ့အပေါ်တော့ သံသယမကင်း စောင့်ကြည့်နေဆဲပဲ။

"ကျွန်တော် ဒီအတိုင်းပဲ ကြည့်နေရင် ဘာဖြစ်သွားမလဲ? နယ်မြေတိုင်းမှာ 'ကြီးမြတ်သော ဝိဉာဉ်ရဲ့ မီးလျှံများ' ရှိနေတာပဲ။ သူတို့တွေ ကပ်ဘေးကို သူတို့ဘာသာ ‌မကျော်နိုင်ဘူးလား?"

"အဲ့တာက ခက်ခဲလိမ့်မယ်။ လူတော်တော်များများက ငယ်ရွယ်ကြတယ်။ ကြံခိုင်သန်စွမ်းတဲ့ လူတွေကိုလည်း စစ်တပ်ထဲ ခေါ်ယူခဲ့တာ။ နဂိုကတည်းက လူမလောက်တော့ဘူး... ကောက်ရိတ်သိမ်းတာက အရင်ကထက် အချိန်ပိုကြာလိမ့်မယ်။ ပြီးတော့ အဆုံးအရှုံးကလည်း ပုံမှန်ထက် ပိုများလိမ့်မယ်။"

"အင်း... ကျွန်တော် နားလည်ပြီ။" လူလ်စန်မှာ ကာလ်တန်ဆီကနေ ခွင့်ပြုချက်တောင်းရုံကလွဲ မတတ်နိုင်တော့ဘူး။ ဒေါသလေး အနည်းငယ်ထွက်တာနဲ့ ရွှေရောင်ဂျုံစပါးခင်းတွေကို မီးရှို့တဲ့ လူတစ်ယောက်က ကျိုင်းကောင်ကပ်ဘေးကို ဂရုစိုက်ပါ့မလား မသေချာပေမဲ့ပေါ့။

နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)Where stories live. Discover now