မရေရာမှုတွေနောက်လိုက်ရင်း
ကုန်ဆုံးခဲ့ရတဲ့အချိန်တွေနောက်
ပေးဆပ်လိုက်ရတဲ့ ဆယ်ကျော်သက်အရွယ်တစ်ခု....
နှမြောတသနေလည်း
အသက်တွေပြန်ငယ်တော့မှာမှ မဟုတ်တာ...။စွန့်ပစ်ခဲ့ဖူးတဲ့ အိပ်မက်တစ်ခုရယ်
သတိမမူမိခဲ့တဲ့ အေးစက်မှုတွေရယ်
တရိပ်ရိပ်နဲ့ ကျွန်တော်ဟာ
အထီးကျန်မှုတွေကြားပိတ်လှောင်နေပါကြောင်း....သုံးလကျော် အချိန်အတွင်း
လျောက်ခဲ့ဖူးတဲ့အလုပ်တွေက မနည်းမနော။
လမ်းမှာတွေ့သမျှ ကောက်ယူလာဖြစ်တဲ့
လက်ကမ်းစာစောင်တွေဆိုတာ အထပ်လိုက်။တကျွီကျွီ အသံတွေဟာ
မရှင်းဖြစ်တာကြာပြီဖြစ်တဲ့ အခန်းထဲ
ပြေးလွှားနေတဲ့ အမြီးရှည် အနက်ရောင် သတ္တဝါလေးတွေဆီမှဖြစ်သည်။ဖြစ်သလိုစား သင့်သလို နေခဲ့မိတဲ့
အချိန်ကာလအတွင်း
ကျွန်တော့်အခန်းလေးဟာ
အမှိုက်ပုံနဲ့မခြား။တန်းမှာ ချိတ်ကာထားတဲ့
အင်္ကီျတွေဆီက ခပ်ထိုင်းထိုင်းမှိုနံ့က
ကျွန်တော့်အနံ့ခံအာရုံကြောတွေနဲ့
ရင်းနီးပြီးသား...။နိုတီသံတစ်ခုနဲ့အတူ
စာစောင်တစ်ခုက ကျွန်တော့်ကိုယ်ကို
အလိုအလျောက် မတ်သွားစေသည်ဖြစ်၍။ကြီးကြီးမားမားမမျှော်လင့် ထားမိတဲ့
အလုပ်တစ်ခုဆီက....အမေး အဖြေ တစ်ချို့ကို ရိုက်ထည့်ပြီး ခနအကြာ
အတည်ပြုစာတစ်ခုဟာ ဝင်ရောက်လာလို့မပြုံးဖြစ်တာကြာပြီဖြစ်သော
ကျွန်တော့်နှုတ်ခမ်းတွေကို အလုပ်ပေးလိုက်တယ်။ဦးနှောက် နာ့ဗ်ကြောတွေကတဆင့်
စိတ်ဝိညာဉ်နဲ့ခံစားပြီး
လှိုက်လှိုက်လှဲလှဲ။အချိန်အကြာကြီး သံမှိုစွဲဖြစ်နေတဲ့
ထိုင်ခုံလေးကို ခနတာအနားပေးလိုက်ပြီး
ဟိုဟိုသည်သည် သိမ်းသင့်တာသိမ်း
အမှိုက်ပုံးထဲ ထည့်သင့်တာထည့်လိုက်တော့
အခန်းလေးဟာ လူနေသည့်နေရာတစ်ခုအဖြစ်ပုံပေါ်လာသည်။"ကျိ..ကျွီ... ဒုန်း"
မဖွင့်တာ ကြာပြီဖြစ်တဲ့
ပြတင်းတံခါးက မပွင့်ချင်ပွင့်ချင်။
YOU ARE READING
"ချစ်ခြင်း၏ ခုနစ်ရက်တာ"