တစ်ခုသော တနင်္ဂနွေနေ့တစ်ရက်မှာ ဖြစ်သည်။
နေ့ရက်တိုင်း တိတ်ဆိတ်နေတတ်တဲ့ အုတ်နီအဆောက်အဦထဲက အခန်းငယ်လေးထဲဝယ် ဤယနေ့တွင်တော့ လှုပ်ရှားမှုတစ်ချို့အသက်ဝင်နေလျက်ရှိသည်။
သစ်လွင်နေသော အဝါရောင်နံရံတွေရဲ့ ထောင့်ငယ်လေးမှာ အဖြူရောင်အခံတွင်အနက်ရောင်အစင်းတွေရှိသော ရှပ်လက်ရှည်ကို ဝတ်ဆင်ထားသူတစ်ဦးရှိနေတာဖြစ်၏။
များစွာရှည်လျားနေပြီး ကြီးမားသော အစိမ်းရောင်အရွက်တွေရဲ့ ရေသောက်မြစ်တစ်နေရာဆီ မြေဩဇာထည့်နေသည်။
အုတ်နီတိုင်ကြီးမြုပ်လုနီးနီး ဖွံ့ဖြိုးနေပြီဖြစ်သော ထိုအပင်၏ အဆစ်နေရာတို့တွင် အရိုးနီနီရှိသော ဖူးငုံတို့သည်နေရာယူထား၏။
လသာသော ညတစ်ခုခုတွင် အဆင်သင့်ပွင့်ဖို့ အားယူနေကြတာဖြစ်မည်။"ဖေ့ ကိုကိုက အမြဲပြုံးနေတာပဲနော်"
"အဲဒီလိုပြုံးနေတာမြင်ရတော့ သားသားဘယ်လိုနေလည်း"
"အားကြီးချစ်တယ်"
စားပွဲပေါ်က ဓာတ်ပုံဘောင်လေးဆီမှ အကြည့်မခွာဘဲ ရုပ်တည်လေးနဲ့အားပါပါပြောလိုက်သော ကလေးသေးသေးလေးကြောင့် ကျွန်တော်ပြုံးလိုက်မိပါ၏။
ဒါက ပထမဦးဆုံးအကြိမ်ပါ။
သားလေးကို ဒီအဝါရောင်အခန်းငယ်လေးဆီခေါ်လာတာ...။
"ဖေ အခု ကိုကိုက ဘယ်မှာလည်းဟင်..."
"ကောင်းကင်ကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပေါ့"
"ကြယ်လေးဖြစ်နေတာလားဟင်?...ညရောက်လို့ မေမေနဲ့အပေါ်မော့ကြည့်တဲ့အခါ ကိုကို့ကို ရှာကြည့်ရမယ်"
ခုချိန်ထိ အမည်မသိတဲ့ ဒီအပင်ခြုံကြီးကို ရေဖျန်းပေးနေရင်း ကျွန်တော်ပြုံးရပြန်၏။
ဒီလူသားသေးသေးလေးက ကျွန်တော့်အပြုံးတွေကို အလိုအလျောက်ဖြစ်တည်စေတဲ့ သက်ရှိငယ်လေး။
ပုံပန်းသွင်ပြင်အရ ကျွန်တော်နှင့်အတော်လေးတူသော သားငယ်လေးက စိတ်အခြေအနေဘက်မှာတော့ ကျွန်တော့်ထက်အဆများစွာ သာလွန်ပါ၏။
YOU ARE READING
"ချစ်ခြင်း၏ ခုနစ်ရက်တာ"