The second Day

2 0 0
                                    

"တိမ်တွေက ခြေထောက်တွေမရှိပေမယ့်
ကမ်ဘာအနှံ့သွားလို့ရတယ်
ကျွန်တော်အားကျမိပေမယ့်
တိမ်တွေတော့မဖြစ်ချင်ဘူး
သူတို့က ငိုပဲငိုတတ်တာမို့"

ဒုတိယမြောက်နေ့ရဲ့ နေ့လယ်ခင်းမှာ
ပြတင်းပေါက်ကနေ အပြင်ဘက်
ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း
အဲ့ဒီကောင်လေးက ပြောလာခဲ့တာဖြစ်သည်။

"ဒါပေါ့ အကို့ကလေးလေးက
အမြဲပြုံးနေမှဖြစ်မှာလေ...
ပြီးတော့
ကလေးသွားချင်တဲ့နေရာတိုင်း
လိုက်ပို့ပေးမယ့် အကိုရှိတာပဲကို"

"ကျွန်တော်က အမြဲပြုံးနေချင်တာ
မျက်ရည်တွေကိုမုန်းတယ်
ဘယ်တော့မှ ကျခွင့်မပေးဘူး
ကျွန်တော် တိမ်တွေနဲ့မတူချင်ဘူး"

"ဒါပေါ့ ကလေးက တိမ်တွေနဲ့မတူပါဘူး"

ကျွန်တော် ယူလာပေးတဲ့ဆေးလုံးတွေကို သောက်ပြီး ကောင်းကင်ကြီးကို ကြည့်နေပြန်တယ်။
ဒီနေ့က တိမ်ထူတဲ့ နေ့တနေ့ပဲ။

အဲ့ဒီကောင်လေးက တိမ်တွေကိုမကြိုက်ပေမယ့် တိမ်တွေကို ငေးရတာတော့ ကြိုက်တဲ့ပုံပဲ။

"တိမ်တွေက မြောက်ဖက်ကို
ရွေ့ရွေ့သွားတာပဲ
အဲ့ဒီဖက်မှာ လှတဲ့ရှုခင်းတွေရှိတာဖြစ်မယ်"

ကောင်လေးက ကျွန်တော့်ကိုမကြည့်ဘဲ ဘယ်သူ့ကိုရည်ရွယ်တယ်
မသေချာတဲ့ မေးခွန်းမဟုတ်တဲ့အမေးစကားတစ်ခုကိုဆိုတယ်။

ကျွန်တော် စာအုပ်လေးပေါ်မှာ
စာလုံးတစ်ချို့ရေးပြီး သူ့ဆီထိုးပေးလိုက်တော့....

အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေပြန်ရတယ်။
မျှော်လင့် ချက်တွေတလက်လက်တောက်နေတဲ့ မျက်ဝန်းလေးနဲ့။

"တိမ်တွေသွားနေတဲ့နေရာမှာ
အဝါရောင်ပန်းခင်းကြီးရှိတယ်"

"ကျွန်တော် သွားကြည့်လို့ရလား"

စိတ်လှုပ်ရှားနေတဲ့ အသံလေးက
မြုံစိစိနဲ့။

ကျွန်တော်သိတာပေါ့
ဒီကောင်လေး အဝါရောင်ကြိုက်တယ်ဆိုတာ။

သူဝတ်ထားတဲ့ ဟူဒီလေးကအစ
အိပ်ခန်းအပြင်အဆင် အကုန်
အဝါရောင်တွေလွှမ်းနေတာ
သိပ်ကိုသိသာသည်။

"ချစ်ခြင်း၏ ခုနစ်ရက်တာ"Where stories live. Discover now