အဝါရောင်တောက်နေတဲ့ နံရံနှစ်ခုဆုံရာ
အခန်းငယ်လေးရဲ့ထောင့်လေးတွင်
ကောင်လေးနှစ်ယောက်သည် တိတ်ဆိတ်စွာထိုင်နေကြသည်။လူလေးယောက်လောက် လုံလုံလောက်လောက် ထိုင်ဖြစ်သော
လေးထောင့်ကော်ဇောငယ်လေးတစ်ချက်လည်းခင်းထားသည်။
ဘေးနားတွင် ခပ်နိမ့်နိမ့် စားပွဲဝိုင်းလေးတစ်ခုလည်းရှိသည်။စားပွဲပေါ်တွင် ရေသီးများခိုနေဆဲ
အနီရောင်စိုစိုလက်နေသော သစ်သီးဝိုင်းဝိုင်းလေးများထည့်ထားသည့် ကြိမ်ခြင်းလေးတစ်ခုရှိသည်။အဖြူရောင်ရှပ်လက်ရှည်ဗြောင်ဝတ်ထားသော ကောင်လေးက သစ်သီးတစ်လုံးကို စိပ်နေတာဖြစ်ပြီး၊
အဝါရောင် အကျႌပွပွကြီးထဲ မြုပ်နေသော ကောင်ငယ်လေးကတော့
အကြည်ရောင်ပန်းကန်ပြားလေးထဲက
သစ်သီးစိတ်လှလှလေးတွေကို တစ်ခုပြီးတစ်ခု ယူစားနေတာဖြစ်သည်။သူတို့နှစ်ယောက်ဘေး နံရံလေးတွင်တော့ သစ်သားဂစ်တာလေးတစ်လက်သည် ရှိ၏။
စားပွဲပေါ်ရှိ တစ်လုံးထဲသော ကြွေအိုးလုံးလေးတွင် စိုက်ထိုးထားသော
ပန်းနုရောင် နှင်းဆီလှလှကြီးများသည်
တစ်ခန်းလုံးအနှံ့ ရနံ့တို့ပျံ့စေနေသည်။"ပျံသန်းနေတဲ့ငှက်တွေမှာ
အတောင်ညောင်းလို့ နားချင်တဲ့အခါ
ရှိလောက်မလား"နှစ်ယောက်လုံးရဲ့ မျက်နှာမူရာသည်
အခန်းထောင့်လေးကနေ ကောင်းစွာ
မြင်နိုင်သော ပြတင်းပေါက်ကျယ်ဆီဖြစ်သည်။"သေချာပေါက် ရှိတာပေါ့"
"ငှက်တွေသေဆုံးပြီးလို့
နောက်တစ်ဘဝကူးပြောင်းတဲ့အခါ
ဒီဘဝမှာပိုင်ဆိုင်ဖူးတဲ့
တောင်ပံတွေကို တ,သ ပြန်လိုချင်ဦးမယ်ထင်လား"သေချာပေါက် နောက်ဘဝရဲ့
ဖြစ်တည်မှုတစ်ခုမှာ ပျော်ရွှင်နေမှာပေါ့။
ဒီဘဝရဲ့ အဖြစ်အပျက်တွေအကုန်
မေ့ပြီးတော့လေ။သူဟာ ငှက်ဖြစ်ဖူးတယ်ဆိုတာတောင်
မှတ်မိပါဦးမလား။"ကျွန်တော်ကတော့
ပြန်လိုချင်မိတာရှိမလား
မသေချာတော့ဘူး...."
YOU ARE READING
"ချစ်ခြင်း၏ ခုနစ်ရက်တာ"