ဂျူလိုင်လ ဒုတိယအပတ်ရဲ့
တနင်္ဂနွေနေ့....ဘုရားကျောင်းမတက်ရသူလေးသည်
မအိပ်ပျော်ခင်လေးမှာတော့
ဆုတောင်းမေတ္တာပို့သသွားခဲ့သေးသည်။မှိတ်၍ထားသော မျက်တောင်တို့သည်
တိုစိတ်စိတ်လေးဖြစ်၍ သေချာကြည့်မှသာ မြင်ရတာဖြစ်သည်။
အနည်းငယ်ဟနေသော နှုတ်ခမ်းနှစ်လွှာကတော့ ခြောက်သွေ့လွန်း၍
အရေဖတ်လေးတွေတောင်ကွာနေတာဖြစ်သည်။ပါးပြင်နှစ်ဖက်မှာတော့
အနီအစက်ငယ်လေးတွေ ပိုတိုးပွားနေတာဖြစ်၏။အသားဖြူသူဖြစ်၍ ကြည့်ရတော့မဆိုးသွားစေပါ။
မနေ့ကလည်း ယနေ့လိုမျိုး
တစ်နေ့လည်လုံး အိပ်နေခဲ့တာဖြစ်ပြီး
ညဘက်ရောက်တော့ စကားတွေအများကြီးပြောနေခဲ့တာဖြစ်သည်။မနက်ပိုင်းရောက်ခါနီးလေးမှ
ဆေးအရှိန်နဲ့ ပြန်အိပ်ပျော်သွားခဲ့တာဖြစ်၏။ငယ်ငယ်က ဘုရားကျောင်းမှာ
သူတီးခတ်ခဲ့ဖူးတဲ့ သံစဉ်တွေအကြောင်း။
သူငယ်ချင်းတွေနဲ့ အတူပျော်ခဲ့ဖူးသည့်
ခရစ်စမတ်နေ့တွေအကြောင်း။ငယ်ငယ်က ဘုရားကျောင်းကို
အပတ်တိုင်းလာတတ်သည့် ကောင်မလေးလှလှတစ်ယောက်ကို
သကြားလုံးလေးတွေခိုးပေးဖူးကြောင်း။မာသာကြီး မသိအောင် အမှိုက်ကောက်ချိန်တွေ ချောင်တချောင်မှာ ခိုးအိပ်ခဲ့ရတာတွေ အစုံ....
ကောင်လေးဟာ ကျွန်တော့်ကို
ပြောပြနေခဲ့တာဖြစ်သည်။ကျွန်တော်ကတော့
သူ့ရဲ့အသက်ရှုသံလေးကိုနားထောင်ရင်း
သူကောင်းကောင်းမွန်မွန် အိပ်စက်နေတာလေးကို ထိုင်ငေးနေချင်၏။ယခုရက်ပိုင်းအတွင်း သူ့ကိုစကားအများကြီး မပြောစေလိုပါ။
နာကျင်နေသည့် သူ့ကို မြင်နေရသည်မှာ ကျွန်တော့်ရင်ကို မီးနဲ့မြှိုက်သလို
ခံစားနေရ၍ဖြစ်သည်။နိုးနေတာနဲ့စာရင် အိပ်စက်နေတာကမှ
သူ့ကို ဝေဒနာတွေမှ ခံစားရသက်သာစေမည်ဟု ထင်မှတ်မိ၍။မျက်လုံးနှစ်လုံးပွင့်လာသည်နှင့်
ကောင်လေးပြောလာသည်မှာ
သူနေ့တိုင်းတောင်းဆို၍
ကျွန်တော်နေ့တိုင်းငြင်းနေခဲ့သော
သစ်သီးတစ်မျိုးကိုဖြစ်၏။
YOU ARE READING
"ချစ်ခြင်း၏ ခုနစ်ရက်တာ"