The Fourth Day

0 0 0
                                    

လေးရက်မြောက်နေ့ရဲ့ ညချမ်းချိန်။

ကြယ်ရောင်စုံ ခင်းကျင်းနေတဲ့
အနက်ရောင်ကမ္ဗလာပြင်ကို
ကျွန်တော်တို့နှစ်ယောက် ငေးနေခဲ့ကြတယ်။

အဆောက်အဦးရဲ့ ခေါင်းမိုးပြင်ထက်မှာ။

ကျွန်တော်ဟာ လက်တစ်ဖက်ကို
ခေါင်းအောက်မှာ ဖိအိပ်နေပြီး
သူကတော့ ကျွန်တော့်ရဲ့
အားနေတဲ့ လက်မောင်းတစ်ဖက်မှာ
ရှိနေတာဖြစ်သည်။

"အကို့လက်တွေ နာလာလိမ့်မယ်"
ဆိုပြီး ဖယ်ရှောင်နေတဲ့ အဲ့ဒီခေါင်းလုံးလုံးလေးကို
ကျွန်တော်ကိုယ်တိုင်ပဲ
ပွေ့ယူ သိမ်းဖက်ထားတာဆို
ပိုမှန်ပါလိမ့်မယ်။

"အရင်က ဒီလိုမျိုး
ခနတိုင်း ကြည့်ဖူးပေမယ့်
အခုတစ်ခေါက်က
ကြယ်တွေပိုစုံသလိုပဲ"

အမှန်တကယ်ပဲ
မဟူရာရောင်ကောင်းကင်ကြီးဟာ
တိမ်ကင်းစင်ပြီး
ကြယ်တွေအစုံထွန်းလင်းနေတာပါ။

"ဆုတောင်းလို့ရမယ်ဆို
နောက်ဘဝကျရင်
ကြယ်လေးဖြစ်ချင်တယ်"

အဲ့ဒီစကားပြောနေတဲ့အချိန်
ကောင်လေးရဲ့မျက်လုံးတွေဟာ
ကြယ်လေးတွေထက်တောင်
တောက်ပနေခဲ့သေးတယ်။

"သူတို့တည်ရှိမှုမှာ တစ်ချိန်လုံးလင်းလက်နိုင်ခဲ့တယ်
လမ်းပျောက်နေသူကို လမ်းပြပေးနေခဲ့တယ်
အထီးကျန်သူတွေကိုလည်း
အဖော်ပြုပေးနိုင်တယ်

သူတို့က နောက်ဆုံးကြွေကျချိန်မှာတောင်

လူသားတွေရဲ့ ဆုတောင်းတွေကို
ဖြည့်ဆည်းပေးတာတဲ့"

"အခုဘဝမှာလည်း
ကလေးက ကြယ်လေးတစ်ပွင့်ပါပဲ

အကို့ရဲ့ကြယ်လေးလေ"

အဲ့ဒီကောင်လေးကတော့
ကျွန်တော်ပြောနေတဲ့ စကားကို
ကြားနိုင်မှာမဟုတ်ပေမယ့်
ကျွန်တော်စိတ်ရင်းနဲ့တကယ်
ပြောခဲ့တာပါ။

အဲ့ဒီကောင်လေးက ကျွန်တော့်ရဲ့
ပျောက်ဆုံးနေတဲ့ လမ်းမှာ
အတူလိုက်လျောက်ပေးခဲ့သူ။

တစ်ယောက်ထဲဖြစ်နေတဲ့ ကျွန်တော့်ဘေးမှာ
တစ်ချိန်လုံး အတူရှိနေပေးတဲ့သူ။

"ချစ်ခြင်း၏ ခုနစ်ရက်တာ"Where stories live. Discover now