ကြည်စင်ပြာလဲ့နေသော ကောင်းကင်ပြာပြာတွင် အဖြူရောင်အမျှင်တန်းလေးများသည် နေရောင်ဖြင့် ငွေရောင်လက်နေ၏။
ညကမိုးရွာထားသဖြင့် မြို့ငယ်လေး၏ အစွန်ဘက်တစ်နေရာရှိ မြေသားလမ်းလေးသည် စွတ်စိုနေဆဲ။
မြေသင်းရနံ့လေးက နှစ်လိုဖွယ်ပျံ့လွင့်နေသေး၏။
သည် တနင်္ဂနွေက သာယာအေးချမ်းမှုအသွင်ဆောင်လျက်။
လတ်လတ်ဆတ်ဆတ် ပန်းပွင့်များ မွှေးကြိုင်ထုံသင်းနေရာ အခန်းကျယ်တစ်ခုတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တစ်စုံတစ်ခုရှေ့တွင်ရပ်ကာငေးနေသည်။
ရီဝေဝေမျက်ဝန်းတို့၏ လားရာသည်
လေးထောင့်အကန့်ဘောင်လေးအတွင်းမှ ဓာတ်ပုံတစ်ခုဆီဖြစ်သည်။ထိုအမျိုးသား၏ နှုတ်ခမ်းအစုံသည်ပြုံးနေ၏။
ဓာတ်ပုံထဲမှ ခပ်ငယ်ငယ်ကောင်လေးသည်လည်း ပြုံးနေသည်ဖြစ်၍...။အချိန်အတန်ကြာ ရပ်နေသော်လည်း
မည်သည့်စကားကိုမျှမဆိုပါ။
ငေး၍နေသော မျက်ဝန်းတို့တွင်ကား
ဘေးလူတို့နားမလည်နိုင်သော
တစ်စုံတစ်ခုတို့ဖြင့် တောက်ပနေ၏။ချစ်မြတ်နိုးခြင်းတို့ ဖြစ်ကောင်းဖြစ်လိမ့်မည်။
မိနစ်အတော်များများသည် နာရီပိုင်းအတွင်းသို့ ကူးပြောင်းလုလုအချိန်တွင် အမျိုးသားလေးသည် လက်ထဲတွင် ကိုင်ဆောင်ထားခဲ့သော ပန်းနုရောင် ပန်းစည်းတစ်ခုကို ဓာတ်ပုံလေးတည်ရှိရာ အကန့်လေး၏ ထောင့်တွင်
သေချာကျနစွာ နေရာချ၏။ပြီးသည်နှင့် အခန်းကျယ်လေးကနေ ထွက်ခွာသွားတော့၏။
ပန်းနုရောင်ပွင့်ချပ်ဝိုင်းဝိုင်းတို့နှင့် ပန်းပွင့်ငယ်တို့သည်ကား ခပ်သင်းသင်းမွှေးနေခဲ့လျက်။
အဆောက်အဦးထဲကနေ အမျိုးသားလေးထွက်လာသည်နှင့် ထိုအမျိုးသားလေး၏ ပုံစံတူ သက်ရှိငယ်လေးသည်
လုံးတုံးလုံးတုံးနှင့် ပြေးလာပြီးလျှင်
ခြေတံရှည်များကို လက်သေးသေးလေးနှင့် ပွေ့ကာထား၏။"ဖေ့ ကြာကြီးပဲ...သားသားစောင့်နေတာ-"
အသံသေးသေးလေးပိုင်ရှင်ငယ်လေးက လက်ချောင်းတုတ်အိအိလေးတွေကို တစ်ချောင်းရင်းချိုးကာ ရေတွက်ပြီး....
YOU ARE READING
"ချစ်ခြင်း၏ ခုနစ်ရက်တာ"