The Secret Man on the Container

4.3K 508 50
                                    

တခြားအရာတွေမမက်မောပေမဲ့ ကိုယ်ပိုင်ဆိုင်ထားရတဲ့မင်းကိုတော့ ကိုယ်သိပ်မက်မောတယ် ဟန်နီ...။

Luxurious Link

"မင်းငါတို့လက်အောက်ဝင်မလား မဝင်ဘူးလား"

နှဖူးတည့်တည့်ဆီချိန်ထားခံရသောမောင်းတင်ထားသည့်သေနတ်တစ်လက်။ ကိုင်ထားသောလက်သည် လွှတ်လိုက်ဖို့အသင့်ဖြစ်နေသည်။ ခေါင်းမာသောလူမို့ ဒေါသအမျက်ထွက်နေသောထိန်းချုပ်ထားသူမှာ မျက်နှာတစ်ခုလုံးမည်းမှောင်လျက်ရှိခဲ့သည်။

"ထွီ ငါသစ္စာခံထားတဲ့လူက ဂျွန်ဂျောင်ကုဆိုတဲ့ငါ့သခင်ပဲရှိတယ်"

"မင်း!"

လည်ထွက်အောင်ရိုက်ခံလိုက်ရသောအားပါသည့်မျက်နှာပြင်ရိုက်ချက်အထက် မြေကြီးပေါ်၌ဒူးထောက်ထားရသော ခန္ဓာကိုယ်အတွင်းမှသွေးစများလွင့်စင်ကုန်သည်။ အကျိုးကြောင့်အကြောင်းဖြစ်လာသည် ဆိုသောနိယာမအတိုင်း ထိုးထိုးထောင်ထောင်မြက်ပင်တွေဟာ အနီရောင်ပမာပက်ဖျန်းရကုန်သည်။ တောတွင်းစီးဖိနပ်သားရေအမာဖြင့်အားပါပါကန်ခံရသည့်အခါ ကြိုးတွေတုပ်ခံထားရသည့်သွေးအလိမ်းလိမ်းဖြင့်လူတစ်ဦး ကြမ်းတမ်းလွန်းသည့်မြေကြီးအပေါ် မှောက်ရက်လဲကျ၏။

"ထွီ မင်းတို့အားဒါအကုန်ပဲလား"

ဖြူဖွေးသောသွားတန်းတွေက သွေးတွေအန်ထုတ်ခြင်းကြောင့် အနီရောင်တွေပေကျံလုနေပြီ။ အသက်ရှင်ရွေးချယ်မှုလိုချင်လျှင် မိမိအပေါ်ကျေးဇူးရှိသူအား သစ္စာဖောက်ရမည်။ တစ်ဖက်ရန်သူဆီခိုဝင်၍ မျက်နှာပြောင်တိုက်ကာ အသက်ရှင်ရမှာကိုသိပ်မုန်းသည်။ အတူလွတ်မြောက်လာသောသူတို့နှစ်ယောက်မှာ နောက်ဆုံးအနေထိတင်းခံထားသောလူသည် သခင်အပေါ်သစ္စာရှိ၏။

"ဘက်မြောင်ဟို မင်းကသေလမ်းကိုရွေးမှတော့လည်း ငါတို့ကပို့ပေးရမှာပေါ့"

"လုပ်လိုက်စမ်းပါ ငရဲကိုသွားဖို့အဆင်သင့်ဖြစ်နေတာကြာပြီ မင်းတို့စောက်ကြောရှည်နေတာကိုနားထောင်နေရတာပျင်းစရာပဲ"

"မင်းသဘောပဲ"

"မလုပ်နဲ့!! ငါဝင်မယ် ကျေးဇူးပြုပြီး မြောင်ဟိုကိုမသတ်ပါနဲ့!"

Luxurious Link 𐤀 [Completed]Место, где живут истории. Откройте их для себя