စွန့်ခွာသွားတော့မည့်ခန္ဓာကိုယ်ဟာ အသက်ဝိဉာဥ်ကင်းမဲ့လုရော့မည်။ အမှောင်ထုထိန်းချုပ်မှုတွေအကြားပိတ်လှောင်ထားခံခဲ့ရတဲ့နှလုံးသား ပျက်ဆီးခဲ့ရပါပြီ။
Luxurious Link
"Hello"
တစ်ဖက်မှထွက်လာတဲ့မိန်းကလေးတစ်ယောက်အသံကြောင့် ဂျီမင်းစကားပြောဖို့ရုတ်တရက်ရပ်လိုက်မိတယ်။ မင်လူကြီးအိမ်မှာမရှိတုန်း ဂျောင်ကုဆီသတိရတာရော ၊ ကွန်တိန်နာအပေါ်ကလူက ယွန်းဂီဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ Mr.Rathanရဲ့မိန်းမလှည့်ကွက်ထဲလုံးဝမဝင်မိသွားဖို့ ဂျီမင်းကြုံခဲ့ရသမျှအကျိုးအကုန်အကြောင်းပြောပြရန် ဂျောင်ကုဆီဖုန်းလှမ်းဆက်ခဲ့လိုက်တာ။
ဝင်သွားလို့ပြောရုံကြံလိုက်ပေမဲ့ ခပ်ဝဲဝဲညှောင်စိစိမိန်းမတစ်ယောက်အသံထွက်လာသည်။ ဘာလဲ ဒီကောင်ဂျောင်ကုဘယ်ရောက်နေတာလဲ။ ထယ်ယောင်းနဲ့အတူမရှိဘူးလား။
*Sekira ဘယ်ကဖုန်းလဲ*
*ဟန်နီလို့ခေါ်ဖို့ကျွန်မပြောထားတယ်လေ ဂျွန်ဂျောင်ကု*
ခပ်တင်းတင်းကြိမ်းလိုက်တဲ့မိန်းမအသံနဲ့အမည်နာမတစ်ခုကြောင့် ဂျီမင်းလန့်သွားမိတယ်။ အနောက်ကနေထွက်လာတဲ့ခပ်တိုးတိုးအသံက သူ့သူငယ်ချင်း ဂျွန်ဂျောင်ကုရဲ့အသံ။ အခုဒီမိန်းမက စိန်ဝယ်ထားတဲ့မိန်းမမဟုတ်ဘူးလား။ ဟန်နီ ၊ မောင် ဘာတွေလဲ။ ဂျောင်ကုမင်းဘာလို့ကြိမ်းခံနေရတာလဲ။ မင်းဘယ်တွေရောက်နေတာလဲ။
*အာ မောင်မေ့သွားလို့ပါ ဟန်နီ တောင်းပန်ပါတယ် ဒါနဲ့ဘယ်ကဖုန်းလဲ*
*မသိဘူး ဖုန်းနံပါတ်အစိမ်းကြီးပဲ မောင်မမှတ်ထားဘူး ဘာမှလည်းမပြောဘူး*
*ထားလိုက်ပါ ဟန်နီရာ မောင်တို့အိပ်ရမယ်လေ ညနက်နေပြီ ပြွတ်စ်*
*မောင်နေဦးကွာ ဒီမှာရှင်းဦးမယ်*
"Hello ဒီမှာရှင်ဘယ်သူလဲ ကျွန်မမသိဘူး ဘယ်ကဆက်နေမှန်းလည်းမသိဘူး အခုLAမှာညနက်နေပြီ ရှင်နားလည်လား ကလေးကစားစရာတွေလိုလာမကစားနဲ့ စိတ်မဝင်စားဘူး ကိစ္စမရှိရင်ချလိုက်ပြီ"
ကျသွားတဲ့ဖုန်းနောက် ဂျီမင်းကြောက်စိတ်ရော ၊ လန့်စိတ်ကြောင့်ပါကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူကြားခဲ့ရတဲ့အသံတွေက...ဘာတွေဖြစ်ကုန်တာလဲ။ Sekiraဆိုတဲ့မိန်းမနဲ့ ဂျောင်ကုကဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေတွေထိရောက်သွားရတာလဲ။ ဒါဆို ထယ်ယောင်းလေးကရော...ဂျောင်ကုရဲ့mate ဂျွန်ထယ်ယောင်းလေးကဘယ်မှာလဲ။ တကယ့်ဟန်နီအစစ်ကဘယ်မှာလဲ။
ESTÁS LEYENDO
Luxurious Link 𐤀 [Completed]
FanficUnicode & Zawgyi မင်းနဲ့ကိုယ့်အကြားက တန်ဖိုးကြီးနှောင်ကြိုးသံယောဇဥ်တစ်ခုကို Linkတစ်ခုအနေနဲ့အမှတ်အသားပြုထားမယ် ဟန်နီ...။ JeonJungKook & KimTaeHyung မင်းနဲ့ကိုယ့်အကြားက တန်ဖိုးကြီးနှောင်ကြိုးသံယောဇဉ်တစ်ခုကို Linkတစ်ခုအနေနဲ့အမှတ်အသားပြုထားမယ် ဟန်နီ...။...