Mg, Please Don't Hurt Me

2.7K 343 49
                                    

နာကျင်စရာတွေကိုထပ်မပေးပါနဲ့တော့ မောင်။ ပဟေဠိတွေကိုလည်း ရှာရခက်အောင်မလျို့ဝှက်ပါနဲ့တော့။ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက မောင့်ကြောင့် ဟန်နီ့ရဲ့အသစ်ဆက်ဆက်နှလုံးသားလေး ကွဲကျခဲ့ရပြီးပြီလေ။ ဟန်နီ ပင်ပန်းနေပြီ။

Luxurious Link

*တင်းတောင်*

"လာပြီ"

မနက်စောစောတံခါးဘဲလ်သံကြောင့် ဆော့ဂျင်ဟင်းချက်နေတာကိုထားခဲ့ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။ နမ်ဂျွန်းကအလုပ်သွားပြီဖြစ်သလို ထယ်လေးကိုတော့ ဧည့်ခန်းထဲမှာနားနားနေနေ နေခိုင်းထားသည်။

"ဘယ်သူလဲမသိ...အော်"

"ဟန်နီ့ကိုကျွန်တော်လာခေါ်တာပါ Hyung"

ဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မိုးထိုးနေတဲ့အရပ်ကြောင့် ထယ်ယောင်းဘဲကြီးမှန်းသိလိုက်သည်။ သေနာကောင် ဂျွန်ဂျောင်ကု။ ငါ့ထယ်ထယ်လေးကို ဗိုက်ပူလေးဖြစ်အောင်လည်းလုပ်ထားသေး။ မနေ့ညကလည်း ကလေးကသွေးနုသားနုနဲ့ကို အရမ်းငိုအောင်လုပ်တဲ့တရားခံကောင်ဆိုးကြီး အေး တွေ့မယ် မင်းသေဖို့သာပြင်။

"ဒီမှာဗျ ကျွန်တော်ဟန်နီ့ကိုလာခေါ်တာပါ"

မျက်လုံးကြီးမှေးပြီး သူ့ကိုရပ်ကြည့်နေတဲ့ဆော့ဂျင်ကြောင့် မကြားဘူးလားအထင်နဲ့ သူထပ်‌ပြောလိုက်သည်။ ဒါလည်းအိမ်ထဲမခေါ်ပဲ အပေါက်ဝမှာကန့်လန့်ကြီးရပ်နေသေးသည်။ အိမ်ရှင်မခေါ်တာကြောင့် သူလည်းဝင်မရ။ တဖြည်းဖြည်းနဲ့မျက်နှာကြီးမဲ့ပြီး မျက်ခုံးကြီးကြုံ့လာတာ ဒီလူဘာဖြစ်နေတာလဲဟ။

*ခွပ်*

"ဟာ ခင်ဗျားဘာလုပ်တာလဲ"

"မင်းကိုဒေါသထွက်လို့ ‌သေနာကောင်ရဲ့! ဝင်လာခဲ့!"

ဆောင့်ဆောင့်ဆောင့်နဲ့ အိမ်ထဲဝင်သွားတဲ့ဆော့ဂျင်ကျောပြင်ကိုကြည့်ပြီး ဂျောင်ကုနှဖူးမှာအာလူးသီးနဲ့ကျန်ခဲ့သည်။ ကျွတ် ကျွတ် နာလိုက်တာ။ တကယ်လည်းလက်မြန်တတ်ပါ့ ခေါက်ထည့်သွားတာများ ခေါင်းကိုပူခနဲ။

"ထယ်ယောင်း ဂျွန်ဂျောင်ကုရောက်နေတယ်"

"ကျွန်တော်မတွေ့ချင်ဘူး Hyung"

Luxurious Link 𐤀 [Completed]Tempat cerita menjadi hidup. Temukan sekarang