The Great Luck is Gone

2.8K 365 164
                                    

အံ့သြခြင်းတွေကို မင်းပေးတယ်။ မယုံကြည်နိုင်လောက်အောင်ကို မင်းဖုံးကွယ်ခဲ့တယ်။
သိပ်လှတဲ့မျက်ဝန်းလေးတွေနဲ့ မင်းပြုစားရက်တယ်။

ခါးသီးတဲ့အမှန်တရားနောက်ကွယ်မှာ မင်းရှိနေခဲ့တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုကို လုံလုံလောက်လောက်သက်သေတွေနဲ့ ကိုယ်သိလိုက်ရတဲ့အချိန် နှလုံးသားကိုအဝေးလွှင့်ပစ်လိုက်ရမလား။ ဒါမှမဟုတ် စက်ဆုပ်စရာကောင်းလွန်းတဲ့မင်းကိုပဲ ကိုယ်သတ်ပစ်လိုက်ရမလား။ ဘယ်ဟာပိုသင့်တော်မယ်ထင်လဲ ဟန်နီ။

Luxurious Link

"ဆရာ"

"ဘင်ဂျူး"

"ကျွန်တော်တောင်းပန်ပါတယ်"

"ဘာဖြစ်တာလဲ ဘင်ဂျူး ဒဏ်ရာတွေနဲ့ကိုဒူးမထောက်နဲ့ မင်းအားပြန်ပြည့်နေမှဖြစ်မယ် ထထ"

ဒူးထောက်ချထားသောလူမမာတစ်ယောက်ကို ဂျောင်ကုထူပေးမိတယ်။ မျက်စိရှေ့မှာမျက်ရည်တွေကျနေတဲ့လူ ၊ ပိုက်စိပ်တိုက်ရှာဖွေနေခဲ့တာတောင် မတွေ့ခဲ့တဲ့သူ့ရဲ့လူယုံတော် ဒိုဘင်ဂျူး။ အလုပ်လုပ်ရာမှာစေ့စပ်ပြတ်သားတိကျလွန်းသောလူတစ်ယောက်။  မြောင်ဟိုနဲ့ဘင်ဂျူးဆိုတာ ဂျောင်ကုနဲ့ဂျီမင်းတို့စိတ်အချရဆုံးလူထဲတွင်ပါသည်။

စိန်ကိစ္စမှာသူတို့နှစ်ဦးလုံး ရဲတွေနဲ့အပစ်အခတ်ဖြစ်ကြရင်း ဒဏ်ရာတွေနဲ့လွတ်မြောက်သွားခဲ့ကြတာ ဘင်ဂျူးက အခုမျက်စိရှေ့ပေါ်ထွက်လာသည်။ တစ်ကိုယ်လုံးနီးပါးဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးတွေစို့နေသောပုံရိပ်တွေက ဂျောင်ကုကိုအားတုံ့အားနာဖြစ်စေသည်။ ဒါဆို မြောင်ဟိုရော။

"မြောင်ဟိုရော ဘင်ဂျူး သူရော"

"ဆရာ ကျွန်တော်တောင်းပန်ပါတယ်"

သူထူပေးတာတောင်မထသောဒီကောင်လေးကြောင့် ဂျောင်ကုနားလည်သွားခဲ့သည်။ ခေါင်းငိုက်စိုက်စိုက်ကျရင်းမျက်ရည်တွေနဲ့ အံကြိတ်သံဖြင့်ပြောနေတဲ့ဘင်ဂျူး မင်းမြောင်ဟိုကိုဆုံးရှုံးခဲ့ရပြီမလား။

"မြောင်ဟိုသေသွားပြီမလား ဘင်ဂျူး"

"....."

Luxurious Link 𐤀 [Completed]Donde viven las historias. Descúbrelo ahora