I will follow you wherever you are (Final)

5.6K 388 65
                                    

မောင့်ရင်ခွင်ထဲကပြေးထွက်သွားခဲ့တဲ့ဟန်နီ့ကို မောင်လိုက်ရှာမှာမို့ ကမ္ဘာမြေရဲ့ဘယ်နေရာမဆို သွားနိုင်ပါတယ် ဟန်နီ။ မင်းဘယ်သွားသွား မောင်လိုက်ခဲ့ပါ့မယ်။

Luxurious Link (Final)

"ဟန်နီ မဖြစ်ရဘူး!"

ဒီနေ့မှလေယာဉ်စီးရတဲ့အချိန်တွေအရမ်းကြာနေခဲ့တယ်။ ကောင်းကင်ကြီးထဲမှာကြာနေခဲ့တာ တအားတွေမွန်းကြပ်နေပြီ။ မြန်မြန်ရောက်ပါတော့ ကိုရီးယား‌မြေရယ်။ ဟန်နီ့အနားသူရောက်ချင်လွန်းတာမို့ မြန်မြန်ရောက်ပါတော့။

မမြင်ရသည့်အချစ်ဟာ မယုံတတ်တဲ့လူတွေအတွက်တော့ ရယ်စရာကောင်းတဲ့ဟာသတစ်ခုသက်သက်ဆိုရင်လည်း ဂျောင်ကုအတွက်တော့မဟုတ်ခဲ့။ ရုတ်တရက် ရင်ဘတ်တစ်ခုလုံးစူးခနဲအောင့်တက်လာခဲ့တဲ့အချိန်မှာ အလိုအလျောက်ကျသည့်မျက်ရည်စတွေ ပြိုဆင်းလာခဲ့သည်။ ဘယ်အတွက်ကြောင့်ဒီလိုဖြစ်ခဲ့လဲ သူကိုယ်တိုင်တောင်နားမလည်ခဲ့သလိုမျိုး ၊ တစ်ခုခုကိုအမြဲတမ်းစွန့်လွှတ်လိုက်ရပြီ ဟူသည့်ခံစားချက်ကြီးက နင့်နင့်နဲနဲကိုအတိုင်းမသိဝင်ရောက်လာခဲ့သည်။

နောက်ဝောာ့မှသိခဲ့ရပါတယ်။ ကြားကြားချင်းတင် နှလုံးသားတစ်ခုလုံးတစ်စစီကြေမွသွားခဲ့ရပါတယ်။ LAကိုရောက်လာခဲ့တဲ့ဂျီမင်းတို့ရဲ့‌ပြောခဲ့သော...

"ဂျောင်ကု မင်းရဲ့ဟန်နီဆေးရုံတင်ထားရတယ်"

စကားလုံးတွေ‌ရဲ့အဆုံးသတ်ကြောင့် ရရာလေယာဉ်နဲ့သူချက်ချင်းအပြေးပြန်လာခဲ့ပေမဲ့ ရောက်ရောက်ချင်းမြင်ကွင်းငယ်မှာတင် သူ့ကမ္ဘာတစ်ခုလုံးပြိုကျသွားခဲ့ရပါသည်။ မောင့်ရဲ့ဟန်နီငယ် ရင်ခုန်သံတွေအေးစက်သွားခဲ့ပြီးပြီတဲ့။

"ဟန်နီ..."

ဆေးရုံကုတင်ထက်မှာခပ်ဖျော့ဖျော့လေးလှဲနေခဲ့တဲ့အရုပ်လေးဟာ မျက်ဝန်းလေးတွေမှိတ်ချထားနေခဲ့သည်။ ဖြူဖွေးနေခဲ့တဲ့ထိုမျက်နှာလေးမှာ ဂျောင်ကုသိပ်ချစ်ရတဲ့ပါးမို့ရဲလေးမရှိတော့သလို သူသိပ်မြတ်နိုးရတဲ့နှုတ်ခမ်းဖူးလေး မီးခိုးရောင်သန်းနေခဲ့တယ်။

ဟန်နီ မင်းမလှဘူးကွာ။ မောင်ဒီပုံကြီးကိုမကြိုက်ဘူး။ ဘာတွေလိမ်းထားတာလဲ ဟန်နီရယ်။ မောင်မရှိတုန်း ဘာတွေလိမ်းထားတာလဲ! ပြန်ဖျက်လိုက်ပါ။ ကျေးဇူးပြုပြီး သဘာဝမျက်နှာလေးပဲ မောင့်ကိုပြန်ပေးပါဗျာ! မောင်တောင်းပန်ပါတယ်! ဒါတွေမလိမ်းထားပါနဲ့!

Luxurious Link 𐤀 [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ