What is happened in Last Year Party?

2.4K 313 75
                                    

သတ်မှတ်ထားတဲ့ကံကြမ္မာတစ်ခုက မင်းတို့နှစ်အယောက်အကြားမှာ အစကတည်းကရှိနေခဲ့တာလား။ ဒါဆိုငါကရော?
မင်းတို့ကြားက ကစားခံစက်တစ်ခုသက်သက်ပဲလို့တော့ မပြောလိုက်စမ်းနဲ့။

Luxurious Link

မနက်နေရောင်ခြည်မလင်းသေးသည်။ အိစက်သောအဖြူရောင်အိပ်ရာအတွင်းရှိ ညကပင်ပန်းခဲ့ကြသောကြင်သူနှစ်ဦးအနားယူနေသည်။ ချစ်သူ၏ကျစ်လျစ်သောလက်မောင်းအထက် ကောင်လေးတစ်ဦးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါ၏။

အိပ်ပျော်နေတုန်းထမြည်လာတဲ့ဖုန်းကြောင့် အိပ်ချင်မူးတူးနဲ့ပဲ ဂျောင်ကုလှမ်းယူလိုက်သည်။ ရင်ခွင်ထဲကဟန်နီ့ကိုနိုးသွားမလားကြည့်တော့ အနည်းငယ်လူးလွန့်သွားရုံကလွဲပြီးအိပ်နေဆဲ။ မြည်နေတဲ့ဖုန်းအသံကိုပိတ်လိုက်တာမို့ vibrationကြောင့်တုန်နေတာမို့ လက်တစ်ဖက်နှင့်အဝေးမှာထားရင်း ဟန်နီ့နှဖူးလေးကိုခပ်ဖွဖွလေးနမ်းလိုက်သေးသည်။ မွှေးလွန်းတဲ့ခပ်သင်းသင်းကိုယ်သင်းရနံ့လေးကြောင့် သူ့ရင်ထဲမှာအေးခနဲ။

"ညတုန်းက ပင်ပန်းသွားရပြီ ဟန်နီလေး"

နာနားကပ်ကာတိုးတိုးလေးပြောခဲ့ပြီး ဖုန်းကိုင်ဖို့ သူအခန်းပြင်ထွက်လာခဲ့သည်။ အပေါ်အကျီမပါသော ၊ အောက်ဘောင်းဘီရှည်‌ဖြင့်သူသည် ကြွက်သားများစွာတောင့်တင်းလွန်းသောခန္ဓာကိုယ်အားပိုင်ဆိုင်ထားသည်။

"Hello ဘယ်သူလဲမသိဘူး"

"Hello မစ္စတာဂျွန် ကျွန်မSekiraပါ"

"ဟုတ်ကဲ့ Mrs.Sekira"

"ကျွန်မဆီကို ရှင်ဒီနေ့လေယာဥ်နဲ့ပဲလာပေးလို့ရမလား အရေးကြီးလို့ပါ"

"ခင်ဗျာ"

အရုဏ်တက်ချိန်ကြီးဖုန်းဆက်လာတဲ့သူမကြောင့် ဂျောင်ကုစိတ်ထဲစနိုးစနှောင့်။ နောက်မှသတိရသွားသည်။ အချိန်ကွာခြားတာကြောင့် သူတို့ဆီမှာဆို အခုမှညမိုးချုပ်စလောက်ပဲရှိဦးမှာပဲ။

"ကျွန်မခင်ပွန်း Heart Attackကြောင့်ဒီနေ့နေ့လည်ကပဲဆုံးသွားတယ် မစ္စတာဂျွန် အလောင်းကိုအချိန်အကြာကြီးမထားချင်လို့ ဈာပနာကိုနေ့ချင်းအပြီးချခဲ့လိုက်တယ် အခုသူမရှိတော့ ဒီမှာကျွန်မတစ်ယောက်တည်း အဲ့တာကြောင့် ကျွန်မမကြာခင်ဂျပန်ကိုပြန်တော့မယ်ရှင် ဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင် ရှင်ကျွန်မဆီအမြန်ဆုံးလာပေးလို့ရမလား ကျွန်မမပြန်ခင်ကိစ္စတွေရှင်းသွားချင်တယ်"

Luxurious Link 𐤀 [Completed]Donde viven las historias. Descúbrelo ahora