The Love Night in the Car 🔞

5.4K 523 93
                                    

ယစ်မူးစရာကောင်းတဲ့နှုတ်ခမ်းပါးတွေနဲ့ မင်းနမ်းရှိုက်တဲ့အခါ ခံတွင်းတစ်ခုလုံးခါးကုန်တယ်။ အခါးဆိုဆေးတောင်မသောက်နိုင်တဲ့ငါက မင်းရဲ့အနမ်းခါးသက်သက်တွေကိုမှစွဲလမ်းတတ်မိကုန်ပြီ...။

Luxurious Link

ပွေ့ချီထားသောကိုယ်လုံးလေးသည် သန်မာသောလက်မောင်းတွေကြားငြိမ်သက်နေသည်။ အသက်ရှူနှုန်းငြိမ်စွာ ဂျောင်ကုရင်အုပ်ကျယ်ကို ပါးပြင်ကပ်ထားသောထယ်ယောင်းလေးအိပ်ပျော်နေသည်။ မိုးမျှော်အဆောက်အဦးရဲ့ညရှုခင်းကိုတစ်ခဏပဲကြည့်ရသေးလည်း ဆက်မကြည့်နိုင်တော့။ ဝိုင်အသောက်လွန်သွားသောငမူးလေးက လူကိုရူးခါနေအောင်ဆွဲဆောင်နေချေပြီ။ ဒီအတွက် လူမြင်ကွင်းနေရာမှာမဖြစ်သင့်တာမဖြစ်ရအောင် အောက်ထပ်သို့ဓာတ်လှေကားစီး၍ဆင်းလာခဲ့သည်။

"မွှေးတယ်"

နှဖျားထိပ်လေးနဲ့ပွတ်သတ်လာတဲ့အခါ နှလုံးသားတို့ယားကျိကျိဖြစ်ရကုန်သည်။ ကားဆီသွားဖို့လမ်းတစ်လျှောက် ဂျောင်ကုအာရုံစိုက်ရင်းလမ်းလျှောက်နေလည်း ချီထားသောဟန်နီဟာ အငြိမ်မနေသည်။ ပြုလုပ်သူကလုပ်ချင်ရာလုပ်နေတာမို့ အထိအတွေ့ကိုစွဲလမ်းမိတဲ့လူက အောက်ဘောင်းဘီနေရာမှာတင်းကြပ်စပြုချင်နေပြီ။ ဒီအဆိုးလေး လူကိုမြူဆွယ်နေတာမကြောက်ဘူးထင်တယ်။

ကားတံခါးဖွင့်ကာမူးနေသောအလှလေးကို ထိုင်ခုံမှာထားစေခဲ့ပြီးမှ ဂျောင်ကုကားမောင်းဖို့တစ်ဖက်ဆီလာခဲ့သည်။ ဝင်ဝင်ချင်းပဲ မျက်လုံးလေးပေကလပ်ပေကလပ်ကောင်လေးက ခေါင်းလေးစောင်းကာကြည့်လာ၏။ အိပ်ချင်မူးတူးလေးနဲ့ နိုးလာပြီလား အဆိုးလေး။

"အမူးပြေသွားပြီလား"

"ဟင့်အင်း"

"ဒါဆိုခဏအိပ်လိုက်လေ"

"ဒါလင်..."

ထူထူထဲထဲကိုယ်လုံးလေးက မနိုင့်တနိုင်ထလာရင်း ဂျောင်ကုပေါင်ပေါ်ခွထိုင်ကာ မျက်နှာချင်းဆိုင်လာသောထယ်ယောင်းကြောင့် ဂျောင်ကုကိုယ့်နှုတ်ခမ်းကိုယ်ဖိကိုက်လိုက်မိတယ်။ ညနက်နေ၍တစ်ဖြစ်လဲ လူသိပ်မရှိသောနေရာမို့ အပြင်ဘက်မှာလူသွားလူလာကင်းနေသည်။ အမှောင်ထုကကြီးစိုးချိန် ပိုးစုန်းကြူးတို့တစ်ကောင်နှစ်ကောင်စ သစ်ပင်ကိုင်းတွေကြားပျံဝဲနေသည်။ ကြယ်စင်တစ်ဖျောက်နှစ်ဖျောက်ရွာတဲ့အခါ လမင်းအလင်းရောင်ရဲ့တွန်းအားပေးမှုကြောင့် ကိုယ့်မျက်နှာရှေ့မှရီဝေဝေမျက်ဝန်းညိုလေးတွေကိုအတိုင်းသားမြင်တွေ့နေရသည်။ ဟန်နီရေ မင်းကိုယ့်ကိုဘာဖြစ်ချင်စေနေတာလဲ။

Luxurious Link 𐤀 [Completed]Tahanan ng mga kuwento. Tumuklas ngayon