Description

998 115 1
                                    

ကျန်းယွီသည် ပြန်လည်မွေးဖွားပြီးနောက် သူမသည် ဆင်းရဲသော အတွေ့အကြုံမရှိသေးသော ၁၇နှစ် အရွယ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။ သူမ ၏ အတိတ်ဘဝတွင်, ဆင်းရဲမွဲတေမှု တို့ကြောင့် , သူမ၏ အိပ်မက်ဖြစ်သော ဘဲလေးအကကို စွန့်လွှတ်ကာ, ဒုတိယမြောက်မျိုးဆက် ဆန်ကုန်မြေလေးကောင်၏ အဖြူထည် လရောင်နေရာအတွက် အစားထိုးခံလူသက်သက်ဖြစ်လာခဲ့ရသည်။ကျန်းယွီသည် ဆင်းရဲမှုနှင့် သနားစရာကောင်းလှသော ငယ်ဘဝအတွေ့အကြုံတို့အား ပြန်လည်မခံစားချင်တော့ပေ။

သို့သော်လဲ, ထိုကဲ့သို့ ကူကယ်ရာမဲ့ ဖြစ်နေသည့်အချိန်တွင်, သူမ၏ လက်ကိုင်ဖုန်းမှာလဲ သူမနှင့် အတူတူ မတော်တဆ အချိန်ခရီးသွားမှုထဲ ပါလာကြောင်းကိုပါ တွေ့ရှိသွားလေသည်။ ထိုလက်ကိုင်ဖုန်းကို အသုံးပြု၍ သူမသည် အနာဂတ်က လူများနှင့် အမှန်တကယ်ပင် ဆက်သွယ်နေနိုင်လေသည်။

ထို့ကြောင့်, စီးပွားရေးလုပ်ငန်း ရေစီးကြောင်းတစ်ခုအား ကျန်းယွီ ရှာဖွေတွေ့ရှိသွားလေသည်---

'ကျေးဇူးပြုပြီးတော့ ငါ့အမေကို ကူညီပါဦး, သူမ မှာ ပိုက်ဆံ ရှိတဲ့အခါ စတော့ရှယ်ယာတွေိကို အရောင်းအဝယ်မလုပ်ပါနဲ့လို့!'

'ကျေးဇူးပြုပြီး အတိတ်က ငါ့ကို ပြောပေးပါ၊ ငါ့ ကောင်လေးနဲ့ တက္ကသိုလ်တစ်ခုတည်းမှာ ပညာအတူတူသင်ဖို့ မရွေးဖို့, အဲ့တာက ငါ့ရဲ့ ကော်လိပ်ဝင်ခွင့် စာမေးပွဲအတွက် အမှားတစ်ခုဖြစ်နေလိမ့်မယ်'

' ငါ့ အဖေက အသက်မရှိတော့ဘူး, အဲ့တာကြောင့် ငါ့ကို ကူညီပြီး သူ့ကိုပြောပေးပါ , ငါက အချိန်တွေဖြုန်းနေတာ မဟုတ်ပါဘူးဆိုတာကို'

ကျန်းယွီသည် ထိုမိုဘိုင်းဖုန်းအား အသုံးပြုကာ ပိုက်ဆံအမြောက်အများကို ရှာနိုင်လေသည်။ တရက်တွင်, ကျန်းယွီသည် လူတစ်ယောက်၏ အကူအညီတောင်းခံလာမှုအား လက်ခံရရှိလေ၏ ။ ထို လူ၏ အသံမှာ တိုးလျကာ ဆွဲဆောင်မှုအားကောင်းလှပြီး ဆိုးသွမ်းမှုများ၏ သဲလွန်စများလိုပင်။ ထို အသံကို ကြားလိုက်ရပြီးသည့်နောက်တွင်, ကျန်းယွီမှာ အလွန်ပင် ကြောက်လန့်သွားရပြီး သူမ လက်ထဲမှ ဖုန်းသည် လွတ်ကျ မတက်ပင်။

သူသည်ကား အမြင့်ဆုံးပြစ်ဒဏ်များနှင့် ရာဇဝတ်သားတစ်ဦးဖြစ်သည့် တီဗီသတင်း အစီအစဉ်များတွင် ၁၀ရက်တိုင်တိုင် ဖော်ပြခြင်းခံခဲ့ရသော ချုံလိ ပင်ဖြစ်သည်။ ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှု ကျူးလွန်ခြင်းအတွက်ပင်။ ကျန်းယွီသည် သူ့အား ကယ်တင်ကာ ဆယ်ကျော်သက်ဘဝတုန်းက လမ်းလွဲမသွားစေရန် ကူညီပေးမည်ဟု မျှော်လင့် မိသည်။ သူပေးပို့လာသော သတင်းအချက်အလက်များအရ, ကျန်းယွီသည် ဆယ်ကျော်သက် ချုံလိအား ရှာတွေ့ခဲ့လေသည်။

ငယ်ရွယ်သော ချုံလိသည်, မှောက်မိုက်သော လမ်းကြားထဲ၌ ထိုးကြိတ်ကာ, ကန်ကြောက်ခံထားရပြီး, သူ၏ မျက်လုံးများမှာ ဖိနှိပ်ချုပ်ချယ်ထားခြင်းနှင့် သည်းမခံနိုင်သော အရိပ်အယောင်များ ထင်ဟပ်နေလေ့ရှိသည်။

ထိုနေ့တွင်, ချုံလိသည် သွေးကန်ထဲတွင် လှဲလျောင်းနေရင်းမှ, လမ်းကြားအဆုံးတွင် ဂါဝန်အဖြူဝတ်ထားသော ကောင်မလေးတစ်ယောက်အား တွေ့လိုက်လေသည်။

အဆုံးမရှိသော ၁၇နှစ် ရှည်လွန်းသော ညများတွင်, ယခုအကြိမ်မှာ သူ ပထမဆုံးအနေနှင့် လမင်းအား တွေ့လိုက်ရခြင်းပင်ဖြစ်သည်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now