6.2 first kiss( the difference between kissing and artificial respiration...)

556 77 8
                                    

ချုံလိ နောက်ကိုလှည့်ကာ ကျန်းယွီအား ကြည့်လိုက်သည်, စိတ်ဝင်စားမှု အငွေ့အသက်များက သူမမျက်လုံးထဲတွင် ရှိနေလျက်ပင်။

ကျန်းယွီ လက်ကို မြှောက်ပြလိုက်လေသည်,

'ဟေး...တိုက်ဆိုင်လိုက်တာနော်, ငါတို့ ထပ်တွေ့ပြန်ပြီ'

ချုံလိမှာ ရေခဲမုန့်ကိုကိုင်ထားရင်းပင် ပေါ့ပေါ့ပါးပါးဖြင့် ပြန်ပြောလိုက်လေသည်,

' ကံမကောင်းစွာနဲ့ပဲ, နင်က ငါ့နောက်ကို တမင်လိုက်နေခဲ့တာလေ'

'........'

ကျန်းယွီမှာ ဖော်ထုတ်ခံလိုက်ရတာကြောင့်, သူမခေါင်းကို ထိလိုက်ပြီး မနာလိုစွာဖြင့်‌ ပြောလိုက်လေသည်,

' အထူးတလည်ရည်ရွယ်ချက်တော့ မရှိပါဘူး'

'ဘာကိစ္စရှိလို့လဲ?'

'ငါက ဒီတိုင်း နင့်ကို သိချင်ရုံပါ။ ငါ့နာမည်က ကျန်းယွီပါ', သူမ လက်ကို သူ့ဆီ ဆန့်ထုတ်လိုက်ပြီး ပြောလာလေသည်, ' နင်က ချုံလိမလား, နင့်ကို တွေ့ရတာဝမ်းသာပါတယ်'

ချုံလိ၏ မက်မွန်ပွင့်သဏ္ဏာန်မျက်ဝန်းမှာ သူမ ထံသို့ အနည်းငယ် မှေးကျည်းကာ စိုက်ကြည့်နေရင်း, ပြောလာလေသည်,

'ငါ နင့်ကို ပြောမယ်, ဘာက ဝမ်းသာစရာကောင်းနေတာလဲ?'

'........'

ဒီဟာက တကယ့်ကို ကောင်းကင်ဘုံကို သတ်ချလိုက်တာပဲ!!!!

ကျန်းယွီ သူမရှေ့က မှုန်တေတေကောင်ကို ကြည့်လိုက်သည်။ သူ့ရှေ့တွင် စကားပြောလျှင် အလွန်ကို ဂရုစိုက်ရမည့်အကြောင်း သူမ သိသည်။

' ငါက ဒီတိုင်းပဲ နင်နဲ့ သူငယ်ချင်းဖြစ်ချင်လို့ပါ'

ကျန်းယွီ သူမ၏ ကြင်နာမှုများကို အတတ်နိုင်ဆုံး လွှတ်ချလိုက်ပြီး, ထိုသူမှာ သူမအား သတိမထားမိစေရန် မျှော်လင့်မိသည်။

ချုံလိသည်ကား စကားတစ်ခွန်းကိုပဲ ညီးညူစွာပြောလိုက်သည်, 'ဝေးဝေးသွား'

စကားပြောပြီးနောက်တွင်, သူ့အိတ်ကပ်ထဲသို့ လက်ထည့်ကာ ပျင်းရိစွာဖြင့် အရှေ့ကိုသာ လျှောက်သွားလိုက်လေတော့သည်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now