မေ့ကျီရှိရာဆီသို့ သွားရာ ဘက်စ်ကားပေါ်တွင် ကျန်းယွီသည် appအားဖွင့်ကြည့်ပြီး softwareနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား ရှာနေကြည့်လိုက်သည်။
ဝန်ဆောင်မှု အကောင့်တွင်, သူသည် (Zhigo)၏ ဝန်ဆောင်မှုဖော်ပြချက်ကို တွေ့လိုက်လေသည်-
'ငါ သိတယ်, ဒါပေမယ့် ငါ အဲ့တာကို ပြောင်းလဲလို့ မရဘူး။ နောင်တရတာကို ပြောင်းလဲစေမယ့်ဆေး ဒီကမ္ဘာမှာ မရှိဘူး'
'ဒါပေမယ့်, (Knowing the past)နဲ့သာဆိုရင်, အချိန်တွေကို နောက်ပြန်လှည့်ပြီး သင့်ကို အမှားတွေ ပြုပြင်နိုင်ဖို့ နောင်တတွေကို ပြင်ဆင်နိုင်ဖို့ အခွင့်အရေးတစ်ခုရနိုင်ပါတယ်'
(T/N- မဖြစ်နိုင်ဘူးလို့ ထင်နေပါသလား, လိုင်းယွန်း အားဖြည့်အချိုရည်နဲ့ဆို ဘာမဆိုဖြစ်နိုင်ပါတယ်...
ဘာမှမဟုတ်ဘူး, ဒီအကြောင်းကို ဘာသာပြန်ရင်း အဲ့ကြေငြာကို သတိရသွားလို့, ဘာမဆိုဖြစ်နိုင်ပေမယ့် ခွက်ကတော့ ပြန်မကြိုက်ပါဘူး..)
' ကျွန်တော်တို့ကတော့ အနာဂတ်ကမ္ဘာက ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်, မတူညီတဲ့အချိန်ရေစီးကြောင်းနဲ့ ကာလအပိုင်းအခြားမှာ လမ်းပျောက်သွားပြီး, အတိတ်နဲ့ အနာဂတ်ကို ပေါင်းကူးတံတားတစ်ခုတည်ဆောက်ပေးနိုင်မယ့် ပြန်လည်မွေးဖွားလာသူတွေကို ရှာဖွေနေတာပါ။ သင့်ကို မူလ ရည်ရွယ်ချက်ကို ပြန်ရအောင် ကူညီပြီး အနာဂတ်ကို ပြန်လည်ပုံဖော် ဖွဲ့စည်းသွားပါမယ်'
ကစားသမား တွေအတွက် စည်းကမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်;
၁. ပြန်လည်မွေးဖွားလာသူသည် အနာဂတ်နှင့် ပစ္စုပ္ပာန်အားလိုက်လံရှာဖွေသူတို့ကြား မည်သည့် အပြန်အလှည်ဆွေးနွေးခြင်းကိုမျှ ခွင့်မပြုပါ။ ထို့သို့ လုပ်ဆောင်ပါက သဘောတူညီချက်သည် ပယ်ဖျက်ခံရမည်ဖြစ်ပြီး ပြန်လည်မွေးဖွားလာသူတို့၏ အကောင့်ထဲမှ ငွေများအား ပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။ အကယ်၍ ငွေပမာဏမှာ အနုတ်လက္ခဏာပြပါက ပြန်လည်မွေးဖွားသူသည် ထာဝရပျောက်ကွယ်သွားမည်ဖြစ်သည်။
၂. ပြန်လည်မွေးဖွားသူသည် ကာစတန်မာနှင့် ဆက်ဆံရေးတစ်ခုကို ဘယ်သောအခါမှ တည်ဆောက်ခွင့် မရှိပါ။
YOU ARE READING
The Big Villain Asked Me To Save Him When I was Reborn(MM Translation)
RomanceTitle-反派大佬让我重生后救他 Author-春风榴火 Eng Translator-GeeGonzales Mm Translator-小樱 Genre: Drama Psychological Romance