4.2 Moon (Uni/Zawgyi)

453 87 3
                                    

ကျန်းယွီမှာ ဒီအခြေအနေအား မမျှော်လင့်ထားသဖြင့်, ကမူးရှူးထိုးလဲ မလုပ်ရဲပေ။

' နင်က သေချင်နေတာလား?'

ချုံလိသည် သူမအားစိုက်ကြည့်ကာ,

' ဘယ်သူက သေချင်နေတာလဲ? ရေမကူးတတ်ပဲ ရေထဲခုန်ချသွားတဲ့သူကလား?'

'ငါ...ငါထင်တာက နင် ကိုယ့်ကိုယ်ကို သတ်သေတော့မယ်ထင်လို့'

' ငါ့ဟာငါ သတ်သေလဲ နင်နဲ့ဆိုင်လို့လား?'

ကျန်းယွီသည် သူမဘာသာတွေးနေမိသည်, အကယ်၍ ၃၀၀မီလီယံအတွက်သာ မဟုတ်လျှင် သူမမှာ အလွန်ပင်ထိတ်လန့်နေပေလိမ့်မည်။ ငါ့မှာ ရူးမိုက်ပြီး ညဘက်ကြီး ရေထဲကို ခုန်ချလိုက်တယ်,အခုတော့ အကုန် စိုရွဲကုန်ပြီ။

ချုံလိမှာ နောက်ထပ် ထပ်ကြည့်မနေတော့ပဲ, လှည့်ကာ စမတ်ကျကျဖြင့် ထွက်သွားလေသည်။ အမှန်တိုင်းပြောရလျှင်, ကျန်းယွီမှာ သူမ တစ်ယောက်တည်း ဒီ မြစ်ကမ်းသဲသောင်တွင် တစ်ယောက်တည်းမနေရဲပေ။

သူ့နောက်ကို လိုက်လာပြီး, ထိုသူမှာ ရေကာတာပေါ်ကို သွက်သွက်လက်လက်ဖြင့် တက်သွားသည်ကို မြင်လိုက်ရ၏ ။ သူမလည်း အမြန်ပင် ပြေးသွားကာ ရေကာတာပေါ်တက်လိုက်လေသည်။

သူမ မှာ အရပ်မမှီတာကြောင့် ရေကာတာကိုအလွယ်တကူ မတက်နိုင်ပေ။ အံကိုကြိတ်လိုက်ပြီး ချုံလိကို လှမ်းခေါ်လိုက်လေသည်,

' ဟဲ့!! နင် ငါ့ကို ဆွဲတင်ပေးနိုင်မလား'

ချုံလိမှဦ ရေကာတာ တခြားတဖက်တွင် ထိုင်ချလိုက်ကာ , မျက်လုံးထောင့်စွန်းများကပါ ပြုံးနေလျက် သူမကို ငုံ့ကြည့်လာလေသည်,

' နင် မတက်နိုင်ဘူးလား?'

'ကောင်းပြီလေ'

' နင့် လက်ကို ငါ့ကိုပေး'

ကျန်းယွီမှာ သူမလက်ကို ဆန့်တန်းလိုက်ပြီး, သူလဲ သူမလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

ကောင်မလေး၏ လက်မောင်းမှာ သေးသွယ်လှပြီး, သူမ တွင် ချောမွေ့ပြီး နူးညံ့သောအသားအရေရှိသည်။ သူမအား ထိတွေ့ရသည်မှာ နူးညံ့မှုကို ခံစားရစေသည်။

The Big Villain Asked Me To Save Him When I was Reborn(MM Translation)Where stories live. Discover now