3.Ice Muscle(this is not hell...)
မှန်မှန်ကန်ကန် တွေးတောစဉ်းစားပါက, အန္တာရာယ်ဖြစ်သော တာဝန်တစ်ခုဖြစ်သည့်(Save the Devil Boy)အား, (Knowledge) appသည် ဒီ တာဝန်ကို ရှည်ကြာလှသည့် တာဝန်တစ်ခုအဖြစ် လက်ခံလိုက်လေသည်။ ပြီးနောက် ကျန်းယွီလဲ ထိုကာလအတွင်း ကျန်သော တာဝန်များကို လုပ်ဆောင်ခွင့်ရှိသည်။
ယခုအချိန်မှာ, သူမ၏ လက်ရှိငွေကြေးအခြေအနေမှာလဲ အရမ်းကြီး ကောင်းမွန်လှခြင်းမဟုတ်ပေ။
(Save the Demon Boy)တာဝန်က အောင်မြင်သွားမယ်ဆိုရင်, ဆုလာဒ်က ယွမ်၃၀၀မီလီယံတောင် ရမယ်ဆိုပေမယ့် ဒီတာဝန်က ဘယ်ချိန်ကျမှ ပြီးဆုံးမလဲဆိုတာ ဘယ်သူက သိမှာတဲ့လဲ။
ကျန်းယွီမှာ လက်ရှိ ပြဿနာကို သေချာပေါက် တွေးတောရပေမည်။
ညနေခင်းတွင်, သူမအမေ ကျန်းမန့်ယီမှာ ကျန်းယွီနှင့်အတူ ကျောင်းအတွက် ပေးသွင်းရမည့် ပိုက်ဆံများအား ဘဲလေးအကသင်တန်းအတွက် အလွှဲသုံးစားမလုပ်ပစ်ရန်အတွက် ဆွေးနွေးကြသည်။
ကျန်းယွီတက်မည့်ကျောင်းသည်ကား ပေချန်၌ အကောင်းဆုံးအလယ်တန်းကျောင်းဖြစ်လေသည်။ ထိုကျောင်း၏ စာရင်းဝင်အမှတ်မှာ 100%သို့ ရောက်လုနီးပါးပင် ဖြစ်သော်လဲ ကျောင်းစရိတ်များမှာမူ အလွန်ပင် ဈေးကြီးလှသည်။
ကျန်းမန့်ယီ မှာ သူမ၏ ပညာသင်နှစ်ဝင်ခွင့်ရမှတ်များအပေါ် တင်းကြပ်ကာအလွန်ပင် ခေါင်းမာလှပေသည်။ အကယ်၍ သူမ မှာ သူမ ဘဝအား အရှုံးပေးလိုက်ရမည်ဆိုလျှင်တောင်, ကျန်းယွီ တစ်ယောက် အကောင်းဆုံးအထက်တန်းကျောင်းတစ်ခုနှင့် အကောင်းဆုံး တက္ကသိုလ်အား ဝင်ခွင့်ရရန်အတွက် ဆက်လက်ကာ ပြုလုပ်နေဦးမည်ဖြစ်သည်။
ကျန်းယွီမှာ သူမ၏ အမေသည် အက ကခြင်းအပေါ် ခွင့်မပြုမှန်း သိလေသည်။ ထို့ကြောင့်ပင် အတိတ်ဘဝ၌ သူမနှင့် သူမ အမေမှာ မကြာခနဆိုသလို စကားအချေအတင်ဖြစ်ကြခြင်းဖြစ်သည်။
ယခုမူ, ကျန်းယွီသည် ထိုအချေတင်စကားများကြခြင်းမှာ ပြဿနာများအား ပြေလည်အောင် ဖြေရှင်းမပေးနိုင်ကြောင်း သိခဲ့လေပြီ။ ထို့ကြောင့် ကျောင်းစရိတ်များအား အက သင်တန်း ဆီကိုသာလျှင် သွင်းပြီး အလွှဲသုံးစားလုပ်မိမှာ စိုးနေသော သူမ အမေအား သူမ အလိုကျ ခေါင်းညိတ်ပြလိုက်တော့လေသည်။
YOU ARE READING
The Big Villain Asked Me To Save Him When I was Reborn(MM Translation)
RomanceTitle-反派大佬让我重生后救他 Author-春风榴火 Eng Translator-GeeGonzales Mm Translator-小樱 Genre: Drama Psychological Romance