နှစ်ကုန်တွင်ကျင်းပမည့် ဘဲလေးအကရှိုးပွဲအတွက် လေ့ကျင့်နေစဉ်အတွင်းမှာပင်, ကျန်းယွီမှာ ကျူရှင်လခအတွက်လဲ ပိုက်ဆံကို စတင်စုလေသည်။တကိုယ်တော်ပွဲအတွက်လဲ သူမကျိန်းသေပေါက် အရွေးခံရမည်ဟုလဲ ယုံကြည်သည်။
(Save the Demon Boy)တာဝန်နှင့်ပက်သက်၍ မကြာသေးမီက သူမတွင် ပြဿနာအနည်းငယ်တချို့လဲ ရှိခဲ့သေးသည်။ တာဝန်၏ ပုံရိပ်သည်ကားကြီးသော်လဲ, ဆုလာဘ်သာ်ကား ယွမ်၃မီလီယံတောင်ပင်။
သို့သော်, ဆုသည်ကား ရက်အနည်းငယ်အတွင်းမျိုးတော့ မဟုတ်ချေ၊ ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်ပင် ကြာနိုင်သည်။ သူမ၏ လက်ရှိဘဝအား အတော်လေးကို ဂရုစိုက်ရပေမည်။
ကျောင်းတွင် နေ့လည်ခင်းမတိုင် မိနစ်အလိုတွင်, ကျန်းယွီသည် မထပ်မှတ်စွာဖြင့် Appဆီမှ စာကို လက်ခံရရှိလေသည်။
'ပြန်လည်မွေးဖွားလာသူသည် (Save the Demon Boy)တာဝန်အား အချိန်အတော်ကြာအောင် မဖြည့်ဆည်းပေးနိုင်သေးသောကြောင့်, ပြန်လည်မွေးဖွားသူထံမှ ၅၀၀ကို နုတ်ယူသွားပါသည်။ လက်ရှိ ကျန်ရှိနေသော ငွေမှာ ၄၃၀၀ ဖြစ်ပါသည်။'
ကျန်းယွီမှာ တုန်လှုပ်သွားပြီး, ဘဏ်အကောင့်အား အမြန်ပင် စစ်ကြည့်လိုက်လေသည်။ မျှော်လင့်ထားသလိုပင် , လခအတွက်ပေးထားပြီး ကျန်ရှိနေသော ငွေမှ ၅၀၀ယွမ်မှာလျော့နည်းနေလေသည်။
ဒီအစုတ်ပလုတ်Appကတော့ ဘယ်လိုလုပ်ပြီး ပိုက်ဆံကိုနုတ်ယူသွားရတာလဲ!!!!
ဝန်ဆောင်မှုအကောင့်မှာ ကျန်းယွီထံသို့ စာပိုလာလေသည်,
'တာဝန်ကိုလက်ခံပြီးနောက်ပိုင်းတွင်, ထိုသူမှ အချိန်အတော်ကြာသည့်တိုင် တာဝန်ကိုလုပ်ဆောင်ရန်ပျက်ကွက်ခဲ့ပါက, (clientရဲ့တန်ဖိုးရှိတဲ့အချိန်ကို နှောင့်နှေးစေခြင်း)လို့ မှတ်ယူပါမည်။
အပြစ်ပေးမှု- ပျက်ကွက်မှုအတွက် အကောင့်ထဲရှိ ငွေများထံမှ ၅၀၀ပြန်လည် နုတ်ယူမည်။ အကောင့်ထဲရှိ ငွေများကုန်ဆုံးသွားသလို, ပြန်လည်မွေးဖွားသူမှာလဲ သေဆုံးသွားမည်ဖြစ်သည်။
ကျန်းယွီ:........
ဝန်ဆောင်မှုနံပါတ်: 'အကယ်၍ ပြန်လည်မွေးဖွားသူက တာဝန်ကို ၁၂နာရီအတွင်းစခဲ့လျှင်, နုတ်ယူထားသော ငွေကြေးများကို အကောင့်သို့ ပြန်လည်ပေးအပ်သွားပါမည်'
YOU ARE READING
The Big Villain Asked Me To Save Him When I was Reborn(MM Translation)
RomanceTitle-反派大佬让我重生后救他 Author-春风榴火 Eng Translator-GeeGonzales Mm Translator-小樱 Genre: Drama Psychological Romance