~မီးပုံပွဲတော်အား ရှစ်ဇွင်းနဲ့အတူလည်ပတ်ခြင်း~မြူ နှင်းလရောင်နန်းဆောင် နဲ့စားဖိုးဆောင်သွားရာမှာအကျင့်သားရနေပြီ ထိုအကွာအဝေးဟာ ရိပေါ် အတွက်တော့ပြောပါ့လောက်တော့ပေ။အသွားအပြန်လုပ်ရင်း ရှစ်ဇွင်း ဖတ်ခိုင်းထားတဲ့ကျင့်စဉ်တွေကိုအလွှတ်ရနေပြီ။ရှစ်ဇွင်း ပြန်ရောက်လာတဲ့အခါသေချာပေါက်သူကိုတော်တယ်ဆိုပြီချီးကျူးမှာအမှန်ပင်။
အတွေးနဲ့ပျော်နေတဲ့ ရိပေါ် မြူ နှင်းလရောင်နန်းဆောင် သွားတဲ့လှေကားသုံးထောင်ကျော်အားအသာလေးတက်နိုင်ခဲ့ပြီ။လှေကားသုံးထောင်ကိုကျော်လာခဲ့ပြီနောက်မှာ တောင်အစွန်းရဲ့ထိပ်မှာရှိနေတဲ့ နန်းဆောင်ဆီဆက်လက်ဦးတည်လျှောက်သည်။
နန်းဆောင်ရောက်တော့ မြင်လိုက်ရတဲ့အရိပ်ဖြူ လေးက သူရင်ကိုလိုက်ခနဲ့ပျော်ရွှင်စေတာ။ကျောခိုင်းကာရပ်နေတဲ့လူသားရဲ့ဝတ်ရုံမှာအနီရောင်သွေးစတို့ကအနည်းငယ်စွန်းထင်းနေပေမဲ့ ကျောပေးရပ်နေတဲ့ ရှစ်ဇွင်း ကသူမျက်လုံးထဲကနတ်သားလေးလိုလှတုန်းပဲ။
"ရှစ်ဇွင်း!!"
ဝမ်းသားအားရခေါ်သံလေးကြောင့်လှည့်ကြည့်မိတော့ ပြေးဝင်လာတဲ့သူတပည့်လေးရင်ခွင်ထဲတန်းခနဲ့။အိုးတိုးအန်းတန်းနဲ့ရပ်နေတဲ့ ရှောင်ကျန့် ကအူကြောင်ကြောင်လေးဖြစ်လို့။
ပြောင်းလဲသွားတဲ့ နန်းဆောင်ကအရင်ကသူပစ်ထားလို့ရူပ်ပွနေသည့်တိုင် အခုတော့ သန့်ရှင်းတောက်ပနေတဲ့နန်းဆောင်ကိုတွေရသည်။မြေပြင်မှာလဲကျင်းထားလို့ တောင်ပြောင်နေသလို ချောက်ကမ်းအစွန်းမှာရှိတဲ့ သူထိုင်နေကြခရမ်းရောင်မိုးမခသစ်ပင်အောက်မှာရှင်းလင်းနေသလို ဝါးကွပ်ပစ်လေးကလည်းအရင်လိုဖုန်တက်မနေတော့ပေ။
အင်း!
တပည့်တယောက်ရတာမဆိုးဘူး!"ရှစ်ဇွင်း သွေးတွေနဲ့"
ဝတ်ရုံကိုကြည့်ကာ စိုးရိမ်ဟန်နဲ့မေးလာသူ။
"ဘာမှမဖြစ်ဘူး"
ထိုသို့ပြောပြီထွက်သွားတဲ့ ရှစ်ဇွင်း ကတခါတလေသူအပေါ်ဆိုအေးစက်စက်နိုင်တယ်။ဒါပေမဲ့ ဂရုတော့စိုက်ရှာပါတယ်။
YOU ARE READING
🌙 လရောင်ခြယ်တဲ့ဒဏ္ဍာရီ 🌙
Fanfiction"ကြည့်ရတာငါကဆရာကောင်းတယောက်မဖြစ်ခဲ့ဘူးနဲ့တူတယ်" ~ရှောင်ကျန့် "တောင်းပန်ပါတယ် ရှစ်စွမ်း....ကျွန်တော်ဆီပြန်လာပေးပါ" ~ဝမ်ရိပေါ် #YiZhan fan fic ~Han~