~တပည့်တစ်ယောက်အားလက်ခံခြင်း~ကျေးငှက်တို့တေးသံတွန်ကျူးသံက အခန်းငယ်အတွင်းအိပ်ပျော်နေတဲ့ ရိပေါ် နားထဲကိုတိုးဝင်လာသည်။မျက်လုံးလေးဖွင့်ကာနိုးထလာတဲ့ ရိပေါ် ကအားအင်တွေအပြည့်နဲ့ပင်။အခုဆိုသူ ပိုင်လုတောင်ကိုရောက်နေတာတပတ်ပင်ပြည့်တော့မည်။ထိုတပတ်အတွင်း ဆရာဘိုးဘိုး ရောမယ်တော်ရဲ့ဆရာတူအကိုတွေအမတွေကသူကိုလာကြည့်ကာဝိုင်းဝန်းစောင့်ရှောက်သလိုနွေးထွေးစွာဆက်ဆံကြသည်။
ပြီတော့ဒီရက်ပိုင်းအတွင်း ဆရာဘိုးဘိုး ကသူကိုဘာကြောင့်သိုင်းပညာသင်ချင်တာလဲဆိုခနခနမေးသည်။ထိုသို့မေးတိုင်းမပြောင်းလဲတဲ့အဖြေကတခုတည်းသာ။ထိုအရာက မယ်တော်အတွက်ကလဲ့စားချေဖို့ပင်။
"ရိပေါ်လေး နိုးပြီလား?...တောင်သခင်ကခေါ်ခိုင်းလိုက်လို့"
အစေခံတယောက်ကပြောသံအဆုံး ရိပေါ် ကကုတင်ပေါ်ကနေထထိုင်လိုက်သည်။
"ကျွန်တော်နိုးပါပြီ ခနနေလာခဲ့ပါမယ်လို့ ဆရာဘိုးဘိုး ကိုပြောပေးပါအုံး"
ွအစေခံလေးလာခေါ်သွားပြီနောက်မှာ ရိပေါ် ကမျက်နှာသစ်ကိုယ်လက်သန့်စင်ကာ ဆရာဘိုးဘိုးရှိတဲ့ နွေဦးနန်းဆောင် ဆီထွက်လာခဲ့သည်။
"ဆရာဘိုးဘိုးကိုဂါဝရပြု ပါတယ်"
"ထပါ""ဆရာဘိုးဘိုး သားကိုခေါ်တယ်ဆိုလို့"
"လာ ဒီမှာလာထိုင်"ဆရာဘိုးဘိုး ကသူဘေးနားမှာဝင်ထိုင်ခိုင်းတာကြောင့် ရိပေါ် လည်းဝင်ထိုင်လိုက်သည်။
"ရိပေါ် ဘိုးဘိုးထပ်မေးမယ်...တကယ်ပဲလက်စားချေဖို့သိုင်းပညာသင်ချင်တာလား?"
"ဟုတ်ပါတယ် ဆရာဘိုးဘိုး...မယ်တော်အတွက်သွေးကြွေးပြန်ဆပ်ချင်ပါတယ်"
"ဟင်း!"
ရိပေါ် စကားကြားတဲ့အခါ တောင်သခင်ပိုင်ချန် ကအသက်ပြင်းချမိသည်။ငယ်ရွယ်သေးတဲ့ကလေးငယ်တွေနှလုံးသားကနူးညံကာဖြူ စင်သည်။သို့သော် သူတပည့်မလေးရဲ့သား သူရဲ့မြေးတပည့်လေးရဲ့နှလုံးသားကတော့ စွန်းထင်းသွားခဲ့ပြီလေ။ကလေးငယ်သာသာအရွယ်လေးက အရွယ်နဲ့မလိုက်ဖက်အောင်နားကျည်းမူနဲ့မုန်းတီးခြင်းတွေကပြည့်လျှံလွန်းနေသည်။
YOU ARE READING
🌙 လရောင်ခြယ်တဲ့ဒဏ္ဍာရီ 🌙
Fanfiction"ကြည့်ရတာငါကဆရာကောင်းတယောက်မဖြစ်ခဲ့ဘူးနဲ့တူတယ်" ~ရှောင်ကျန့် "တောင်းပန်ပါတယ် ရှစ်စွမ်း....ကျွန်တော်ဆီပြန်လာပေးပါ" ~ဝမ်ရိပေါ် #YiZhan fan fic ~Han~