အပိုင်း~၁၃

26 3 2
                                    


~မြူ နှင်းလရောင်နန်းဆောင်သခင်က ဂိုဏ်းပေါင်းစုံညီလာခံကိုတက်ရောက်လာတယ်~

နေရောင်ခြည်နုနုကအုံမှိုင်းနေတဲ့သစ်တောကြားကနေတဆင့်ကျိုးတို့ကျဲတဲမျက်နာပေါ်သို့ကျရောက်လာတဲ့အခါ မှိတ်ထားတဲ့မျက်ခွံတို့ကလှူပ်ရွစွာပွင့်လာသည်။မျက်လုံးဖွင့်လျင်ဖွင့်ချင်းမြင်လိုက်ရတာကသူ့အားကျောခိုင်းကာရပ်နေတဲ့ရှစ်ဇွင်း။

လက်ဝကျယ်ဝတ်ရုံလက်ကိုအနောက်ကိုပစ်လို့ အဝတ်နဲ့ကင်းကွာနေတဲ့လက်ချောင်းဖြူ ဖြူ အုအုလေးက ခပ်ဖွဖွဆုတ်ထားပေးသည်။သွေးကြောလေးတွေခပ်စိမ်းစိမ်းနဲ့သွလျလျလက်ချောင်းရှည်လေးတွေဟာ မိန်းမပျို များထက်ပင်နုရွကာလှပလှသည်။

နက်မှောင်တဲ့ဆံသားတချို့ ဟာကျောပြင်တလျှောက်ချထားကာ တချို့ ဆံနွယ်တွေပိုးသားကြိုးလေးနဲ့ချည်နှောင်ပြီ ရိုးရှင်စွာကျောက်စိမ်းဖြူ ဆံထိုးအားဆင်းမြန်းထားတဲ့ ရှစ်ဇွင်းဟာကျိုးတို့ကျဲတဲနေရောင်အောက် ရပ်နေတဲ့နတ်ဘုရားတစ်ပါးအလား။သူ့ရင်အစုံကိုလူပ်ခါသွားအောင် ကိုင်လူပ်နိုင်စွမ်းရှိသည်။

လှပတဲ့မြင်ကွင်းကိုမျက်တောင်မခတ်စတမ်းရူစားရင်းစတိထားမိတာတခုက ရှစ်ဇွင်း ရဲ့နက်မှောင်တဲ့ဆံနွယ်တွေဟာအတော်ပင်ရှည်လျားလာသည်။

ရှစ်ဇွင်း ကအလှလေးပဲ!

စည်းချက်မမှန်တော့နှလုံးသားတစုံဟာ ရှစ်ဇွင်းအားထိုသို့မပြစ်မှားသင့်ပေမဲ့ ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးဟာ မဖြစ်သင့်သိတဲ့လမ်းကိုရွေးမိခဲ့ပြီ။မဖြစ်တဲ့အရာကိုအမှားလို့မခံယူမိ။ရှစ်ဇွင်း ဆိုတဲ့နွံ့ထဲမရုန်းချင်လောက်တဲ့အထိနစိမျောခဲ့ပြီ။ဘယ်ချိန်ကစလို့ ရှစ်ဇွင်း ပေါ်ထားတဲ့ခံစားချက်ဟာပြောင်းလဲသွားမသိပေမဲ့ သိလိုက်ရတဲ့အချိန် ထိုနွံ့ထဲကနေရုန်းမထွက်ချင်တော့အထိ သူရှစ်ဇွင်းကိုမြတ်နိုးမိခဲ့ပြီ။

အသက်ထက်ပိုပြီမြတ်နိုးရပါတယ် အလှလေး ရယ်!

"နိုးနေရင်လည်းထသင့်ပြီ ဝမ်လေး...ရှစ်ဇွင်း တို့ခရီးဆက်ရအုံးမယ်"

လှည့်မကြည့်စတမ်းပြောလာတဲ့ ရှစ်ဇွင်း ဟာစကားအဆုံးမှာသူ့ဘက်ကိုမျက်နှာမူလာတယ်။

🌙 လရောင်ခြယ်တဲ့ဒဏ္ဍာရီ 🌙Where stories live. Discover now