~ဖွင့်ဟဝန်ခံခြင်း~တောင်ကိုပြန်ရောက်ကတည်းက အခန်းထဲဝင်သွားတဲ့ ရှစ်ဇွင်းဖြစ်သူကြောင့် ရိပေါ် မှာမျက်နှာငယ်လေးနဲ့အဆောင်ရှေ့မှာရပ်နေမိသည်။
ရှစ်ဇွင်း သူကိုစိတ်ဆိုးသွားတာလား?...
ရင်ဘတ်ထဲကတင်းကျပ်ကာ ရှစ်ဇွင်း ကသူကိုစိတ်ဆိုးသွားမှာကိုသေမလောက်ကြောက်မိသည်။
ဒီခံစားချက်ကြီးကရင်းနှီးနေသလိုကြီးပဲ!
"ရိပေါ်"
ညင်သာတဲ့ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ခပ်ဖွဖွဆုတ်ထားတဲ့လက်သီးဆုတ်ကိုဝမ်းဗိုက်နားလောက်မှာထားရင် သူအနောက်မှာရပ်နေတဲ့ ဦးလေးချန်မင်းရန်..ဦးလေးလျှို ချင်းဟွေ့ နဲ့ ဒေါ်လေးလျန်ဟွားမေ ပင်။
ထိုသုံးယောက်ကိုမြင်တော့ ရိပေါ် ကအရိုအသေလိုက်သည်။တဆက်တည်း ချန်မင်း ကမေးလိုက်သည်။
"မင်းရှစ်ဇွင်းရော?"
"သူ့အခန်းထဲမှာပါ ဆရာတူဦးလေး"
ထိုနောက် ဝတ်ရုံလကာကိုခါလို့ ချန်မင်းရန် အပါအဝင် ချငိးဟွေ့ နဲ့ ဟွားမေ လည်း ရှောင်ကျန့် ရဲ့အခန်းထဲဝင်သွားသည်။ပိတ်သွားတဲ့တံခါးရဲ့နောက်ကွယ် ထိတ်လန့်မှူကဆီးကြိုနေခဲ့သည်။
အပြင်ဘက်ကတယောက်သောသူကတော့ဘယ်မှမသွားပဲ သူ့ရှစ်ဇွင်းထွက်အလာကိုသာစောင့်နေသည်။
💚💚❤️❤️💛💛
"ကျန့်အာ!!"
မနည်းလှတဲ့သွေးတွေကကြမ်းပြင်နဲ့ဖြူ စွတ်နေတဲ့အင်္ကျီမှာပေကျံနေသည်။နောက်ပြီ သူ့ဘေးပတ်ပတ်လည်ကမူမမှန်တဲ့စွမ်းအားတွေ။ကျန့်အာ ဆိုတဲ့လူသားဟာတော့ဘာမှမဖြစ်လိုအတွင်းအားကိုငြိမ်သက်စေပြီ အားအင်ပြည့်အောင်ပြန်လည်လုပ်ဆောင်နေသည်။
စိုးရိမ်တကြီးသွားမိပေမဲ့ အနားကိုကပ်မရခြင်းမှာ ကျန့်အာ ကအတားအဆီးတခုချလို့ပင်။အဲတော့ သူတို့သုံးယောက်မှာ ကျန့်အာ ပြီကျင့်ကြံလို့ပြီမဲ့အချိန်သာစောင့်နေလိုက်သည်။
ရှောင်ကျန့် တယောက် ရွှမ်းလုတောင် ကထွက်လာတော့သူကိုယ်အတွင်းမှာဒဏ်ရာကပို၍စိုးလာသည်။သတိစိတ်လွှတ်သွားတဲ့ ဝမ်လေး ကိုအခြေအနေပိုစိုးမလာခင်မြန်ထိန်းကာ ဝမ်လေး လက်ကိုကိုင်ရင်းသူရွှေအမြု တေကနေတဆင့် ဝမ်လေး ကိုယ်ထဲအားစွမ်းအားကူးပြောင်းပေးကာအခြေအနေထိန်းလိုက်ခြင်းပင်။
YOU ARE READING
🌙 လရောင်ခြယ်တဲ့ဒဏ္ဍာရီ 🌙
Fanfiction"ကြည့်ရတာငါကဆရာကောင်းတယောက်မဖြစ်ခဲ့ဘူးနဲ့တူတယ်" ~ရှောင်ကျန့် "တောင်းပန်ပါတယ် ရှစ်စွမ်း....ကျွန်တော်ဆီပြန်လာပေးပါ" ~ဝမ်ရိပေါ် #YiZhan fan fic ~Han~