~နန်းတော်အားအလည်တခေါက်သွားရောက်ခြင်း~ကျောက်စိမ်းနန်းဆောင်အတွင်း ချန်မင်းရန် နဲ့ ရှောင်ကျန့် မှာမျက်နှာချင်းဆိုင်ထိုင်ကာစကားပြောနေကြသည်။
"ဆုံးဖြတ်ပြီသွားပြီလား?"
"ဝမ်လေး အကြောင်းကိုသိဖို့နန်းတော်ကိုဝင်ရလိမ့်မယ်..ပြီတော့ မယုံသင်္ကာစရာကောင်းနေလို့ပါ"
"ကျန့်အာ ကဘာကိုပြောချင်တာလဲ?"
"ရှစ်ကျဲ သေဆုံးပြီ ဝမ်လေး ကပိုင်လုတောင်ရောက်လာလိမ့်မယ်လို့ အရှင်မင်းကြီးကဘာလို့သိနေတာလဲ?...."
"ပြီတော့ ဝမ်လေး ကိုဘာကြောင့်နန်းတော်ကိုဝင်ဖို့အကြိမ်ကြိမ့်ဆင့်ခေါ်တာလဲ?..."
"မင်းကြီးကိုယ်တိုင် ဝမ်လေး ကိုပိုင်လုတောင်ရဲ့တပည့်အဖြစ်ပညာသင်လွှတ်မယ်လို့မိန့်ခဲ့ပြီမှ ရှစ်ကျဲ ဆုံးတော့ရောက်လာတဲ့ ဝမ်လေး ကိုပြန်ခေါ်တာထူးဆန်းမနေဘူးလား?"
ကျန့်အာ တွေးသလိုသူလည်းတွေးခဲ့မိတာမှန်ပေမဲ့ ကျန့်အာ ဆီမှာ ဝမ်လေး နေနေရင်အန္တာရာယ်ကင်းတယ်ဆိုပြီအရေးတယူမလုပ်ခဲ့တာပင်။နောက်ပြီ တချို့ ကိစ္စတွေကို ကျန့်အာ နဲ့ ဝမ်လေး ကိုမသိစေချင်သေးဘူး။
မိစ္ဆာနှိမ်နင်းတာကလွဲရင် ကျန်အရေးစိတ်မဝင်စားခဲ့တဲ့ ကျန့်အာ ကသူမုန်းတဲ့နေရာကိုတောင်သွားဖို့ဆုံးဖြတ်တယ်၏
"ကျန့်အာ တောင်ပြောင်းလဲလာပြီပဲ"
ချန်မင်း ရဲ့အပြုံးကအဓိပ္ပါယ်ပါနေသလို ရှောင်ကျန့် ကလည်းတိတ်ဆိတ်နေသည်။
"ဂိုဏ်းပေါင်းစုံညီလာခံပွဲကိုတော့အမှီပြန်လာခဲ့ပါ"
"ကျန့်အာ သိပါပြီ"
ထိုနောက် ရှစ်ရှူန်း ကိုနှူတ်ဆက်ကာ မြူ နှင်းလရောင် နန်းဆောင်ဆီပြန်လာခဲ့သည်။အဲနောက်တွေးမိတာက အခုရက်ပိုင်းထူးဆန်းနေတဲ့တပည့်လေးအကြောင်း။
တပည့်လေးကသူကိုစိတ်ကောက်နေသလိုပဲ!
"ရှစ်ဇွင်း ပြန်လာပြီ"
"အင်း"
အဲနောက်သူကိုအဖတ်မလုပ်တော့တဲ့တပည့်လေး။
YOU ARE READING
🌙 လရောင်ခြယ်တဲ့ဒဏ္ဍာရီ 🌙
Fanfiction"ကြည့်ရတာငါကဆရာကောင်းတယောက်မဖြစ်ခဲ့ဘူးနဲ့တူတယ်" ~ရှောင်ကျန့် "တောင်းပန်ပါတယ် ရှစ်စွမ်း....ကျွန်တော်ဆီပြန်လာပေးပါ" ~ဝမ်ရိပေါ် #YiZhan fan fic ~Han~