~ရွှေနန်းတော်ကအပြန် ဂိုဏ်းပေါင်းစုံညီလာခံဆီသို့~မင်းသားငယ်ရဲ့အဆောင်အတွင်းကအော်သံကြောင့် ထိတ်ဖြာသွားတဲ့ရဲမက်တချို့ ကအဆောင်ဝန်းထဲပြေးဝင်လာကြတော့မြင်ရသည်က အဆောင်ရှေ့မှာမဲ့လဲနေတဲ့ မင်းသားရိပေါ်။
"သမားတော်ကိုအမြန်သွားခေါ်"
"ဟုတ်ကဲ့"
"မင်းက မင်းကြီးကိုအမြန်သွားလျှောက်တင်"
ရာထူးကြီးပုံရတဲ့ လူတယောက်ရဲ့အမိန့်ကိုနာခံကာ ရဲမက်နှစ်ယောက်ကမင်းကြီးရဲ့နန်းဆောင်ဆီနဲ့သမားတော်ကြီးအပြေးသွားကြသည်။အဲနောက်ခုနကအော်လိုက်တဲ့လူက မင်းသားအားတွဲကာအဆောင်တော်အတွင်းကကုတင်ထပ်မှာသက်သောင့်သက်သာဖြစ်အောင်တင်ပေးလိုက်သည်။
သမားတော်ကြီးမရောက်ခင်လေအလျင်နဲ့အတူရောက်ရိလာတဲ့ ရှောင်ကျန့်။
"ဝမ်လေး!"
စိုးရိမ်နေတဲ့အသံအနားရောက်လာတဲ့ ရှောင်ကျန့် ကြောင့်ခုနကလူကဘေးကိုရှောင်ဖယ်ပေးလိုက်သည်။
လက်ကောက်ဝတ်ကိုစမ်းကြည့်တဲ့မူမမှန်တဲ့စွမ်းအား။
ခံစားမိတဲ့သေတ္တာငယ်ထဲကစွမ်းအားကြောင့် ရှောင်ကျန့် ကအဆောင်ထဲကလူတွေကိုမောင်းထုတ်လိုက်သည်။"ထွက်သွား"
အထွန့်တက်ရန်စကားဟာအကြည့်တချက်အောက်မှာပျောက်ရှသွားသည်။လူမရှိတော့မှ ရှောင်ကျန့် ဟာအခန်းတခုလုံးကိုစည်းချကာ သေတ္တာငယ်ကိုထုတ်လိုက်တော့ သူလက်ဖဝါးထပ်မှာပေါ်လာတဲ့သေတ္တာငယ်ဟာအရောင်တွေထိုးထွက်နေသည်။
ဒီသေတ္တာထဲကအရာနဲ့ ဝမ်လေး ကဆက်နွယ်မှူတခုခုတော့ရှိရမည်။
စူးစူးရှရှနဲ့ထွက်ပေါ်လာတဲ့အလင်းတန်းဟာ ရိပေါ် ကိုယ်ထဲကိုစီးဝင်သွားသည်။စွမ်းအားတို့စီးဝင်ချိန်နာကျင်ဟန်ပြလာတဲ့ ရိပေါ် ဟာတကိုယ်လုံးရှူံမဲ့ဟာ ချွေးတို့ပင်ပြန်လာသည်။
သွားပြီ!
နောက်ကျမှသိလိုက်ရတဲ့အချိန်။
ဝမ်လေး ကိုစိုးရိမ်နေတာသူဘာမှမတွေးမိပဲ လုပ်လိုက်မိတဲ့အမှားတခု။အမြဲသတိရှိတဲ့ ရှောင်ကျန့် အတွက်ဒါဟာသူအတွက်တော့ပထမဦးဆုံးအမှားတခု။
YOU ARE READING
🌙 လရောင်ခြယ်တဲ့ဒဏ္ဍာရီ 🌙
Fanfiction"ကြည့်ရတာငါကဆရာကောင်းတယောက်မဖြစ်ခဲ့ဘူးနဲ့တူတယ်" ~ရှောင်ကျန့် "တောင်းပန်ပါတယ် ရှစ်စွမ်း....ကျွန်တော်ဆီပြန်လာပေးပါ" ~ဝမ်ရိပေါ် #YiZhan fan fic ~Han~