Intro

545 32 5
                                    

(Unicode)

သဲသောင်စပ်ပေါ်မှာ ကောင်လေးတစ်ယောက်ထိုင်နေတယ်။ သူက အလင်းရောင်သိပ်မရှိသေးတဲ့ ဝေလီဝေလင်းကောင်းကင်ကို ငေးတယ်။ အဲ့ဒီနောက် လှိုင်းသံတဝုန်းဝုန်းနဲ့ ပင်လယ်ကိုငေးပြန်ရဲ့။

ဘာလို့လဲ...ဘာလို့များလဲ
ကံကြမ္မာကိုပဲအပြစ်တင်လိုက်ချင်မိပါရဲ့။ ဘာလို့များ သူ့ကိုမှ။ မကုန်သောမျက်ရည်များက တလိမ့်ချင်းစီးဆင်းလာပြန်တယ်။ မငိုချင်တော့ပါဘူး။ ဒါပေမဲ့ ရင်ဘတ်က လေးပြီးနာလှတယ်။ လက်နဲ့တဖုန်းဖုန်းထုလည်း ပျောက်မသွားဘူး။

ပင်လယ်လေဟာ အေးပါတယ်။ တလွင့်လွင့်ဖြစ်နေတဲ့သူ့ရဲ့ဆံပင်တွေနဲ့အတူ သူပါယိုင်နဲ့သွားတော့မလို အားနည်းလှတယ်။ သူဟာ အအေးဒဏ်ကိုအံတုဖို့ ခန္ဓာကိုယ်ကိုကျုံ့နိုင်သလောက်ကျုံ့ထားရင်း သဲပေနေတဲ့သူ့ခြေချောင်းလေးတွေကိုသာ ငုံ့ကြည့်ရင်း မျက်နှာသေနဲ့သာ ငေးမိတော့တယ်။

ပထမဆုံးအကြိမ် သူဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်လုံးကိုပြန်စဥ်းစားမိတယ်။ သူ ဘယ်နေရာတွေမှားယွင်းခဲ့သလဲ ဘယ်ကစပြီးမှားခဲ့သလဲ။ အကယ်၍ အဲ့ဒီသူကိုချစ်မိခြင်းကသာ အမှားဆိုလျှင်...သူ ဘယ်တော့မှနောင်တရမှာ မဟုတ်ပေ။

ကမ်းစပ်သို့တက်လာသော ပင်လယ်ရေသည် သူ့မျက်ရည်များကိုသယ်၍ ပင်လယ်သမုဒ္ဒရာဘက်သို့ ပြန်ပြေးသည်။ ဒီလိုကျတော့လည်း ပင်လယ်သည် သူ့မျက်ရည်များနှင့် ဖွဲ့သီထားသလို။

'မျက်ရည်တို့ဖြင့်ဖွဲ့သီသော ပင်လယ်'

(Zawgyi)

သဲေသာင္စပ္ေပၚတြင္ ေကာင္ေလးတစ္ေယာက္ထိုင္ေနတယ္။ သူအလင္းေရာင္သိပ္မရွိေသးတဲ့ ေဝလီေဝလင္းေကာင္းကင္ကို ေငးတယ္။ အဲ့ဒီေနာက္ လွိုင္းသံတဝုန္းဝုန္းနဲ႕ ပင္လယ္ကိုေငးျပန္ရဲ႕။

ဘာလို႔လဲ...ဘာလို႔မ်ားလဲ
ကံၾကမၼာကိုပဲအျပစ္တင္လိုက္ခ်င္မိပါရဲ႕။ ဘာလို႔မ်ား သူ႕ ကိုမွ။ မကုန္ေသာမ်က္ရည္မ်ားက တလိမ့္ခ်င္းစီးဆင္းလာျပန္တယ္။ မငိုခ်င္ေတာ့ပါဘူး။ ဒါေပမဲ့ ရင္ဘတ္က ေလးၿပီးနာလွရဲ႕။ လက္နဲ႕တဖုန္းဖုန္းထုလည္း ေပ်ာက္မသြားဘူး။

ပင္လယ္ေလဟာ ေအးပါတယ္။ တလြင့္လြင့္ျဖစ္ေနတဲ့သူ႕ရဲ႕ဆံပင္ေတြနဲ႕အတူ သူပါယိုင္နဲ႕သြားေတာ့မလို အားနည္းလွတယ္။ သူဟာ အ ေအးဒဏ္ကိုအံတုဖို႔ ခႏၶာကိုယ္ကိုက်ဳံ႕နိုင္သေလာက္က်ဳံ႕ထားရင္း သဲေပေနတဲ့သူ႕ေျခေခ်ာင္းေလးေတြကိုသာ ငုံ႕ၾကည့္ရင္း မ်က္ႏွာေသနဲ႕သာ ေငးမိေတာ့တယ္။

ပထမဆုံးအႀကိမ္ သူျဖတ္သန္းလာတဲ့ ဘဝတစ္ေလွ်ာက္လုံးကိုျပန္စဥ္းစားမိတယ္။ သူ ဘယ္ေနရာေတြမွားယြင္းခဲ့သလဲ ဘယ္ကစၿပီးမွားခဲ့သလဲ။ အကယ္၍ အဲ့ဒီသူကိုခ်စ္မိျခင္းကသာ အမွားဆိုလွ်င္...သူ ဘယ္ေတာ့မွေနာင္တရမွာ မဟုတ္ေပ။

ကမ္းစပ္သို႔တက္လာေသာ ပင္လယ္ေရသည္ သူ႕မ်က္ရည္မ်ားကိုသယ္၍ ပင္လယ္သမုဒၵရာဘက္သို႔ ျပန္ ေျပးသည္။ ဒီလိုက်ေတာ့လည္း ပင္လယ္သည္ သူ႕မ်က္ရည္မ်ားႏွင့္ ဖြဲ႕သီထားသလို။

'မ်က္ရည္တို႔ျဖင့္ဖြဲ႕သီေသာ ပင္လယ္'

Maniacally In loveWhere stories live. Discover now