(Unicode)
နေရောင်ပြင်းပြင်းက ကျွန်တော့်အခန်းကို မီးမဖွင့်ဘဲလင်းထင်စေသည်။ စာကြည့်စားပွဲရှေ့ ပြတင်းပေါက်မှမြင်နေရသော သစ်ပင်စိမ်းစိမ်းတွေကို မျက်တောင်မခတ်ကြည့်နေသော်လည်း အတွေးကတခြားနေရာ ရောက်နေသည်။
မနေ့က ကျူရှင်မှာသင်လိုက်သော physics definationတွေကို ပြန်စဥ်းစားနေခြင်းပင်။ ဥာဏ်ကောင်းတာကို အခွင့်ကောင်းယူကာ ပြန်မနွေးဘဲ မှတ်မိချင်နေ၏။
Newtons Laws of motion!
ခေါင်းစဥ် ကြီးကိုတော့ မှတ်မိပြီ။First Law, second law, third law, law of gravitation ဟူ၍ ခေါင်းစဥ်ခွဲလေးခုရှိသည်။ အဲ့ဒီအထိ သေချာမှတ်မိသည်။
"Frist Law ရဲ့definationက ဘာပါလိမ့်"
ကျွန်တော် နထင်နှစ်ဖက်ကို လက်ဖြင့်ဖိပြီး စဥ်းစားသည်။ ခြေထောက်ကလည်း အငြိမ်မနေ တနှံ့နှံ့ နှင့် အတင်းဖျစ်ညှစ်ကာ စာအစကို ဆွဲထုတ်၏။
"When no net external force is upon on it...အင်း ပြီးတော့..."
လွယ်အိတ်ထဲမှ စာအုပ်ကိုလည်းမထုတ်ချင်၊ ငါ မှတ်မိပါတယ် ဆိုတဲ့ မာနကတင်းခံချင်သေး၏။ မနေ့က ဆရာသင်လိုက်တဲ့အချိန်ကတည်းက ကျွန်တော်အလွတ်ရချင်ချင်ဖြစ်နေပြီ။ တစ်ရက်ကြာသွားလို့ နည်းနည်းမေ့သွားတာဖြစ်လိမ့်မည်။
ကျူရှင်ဖွင့်တာ နှစ်ပတ်လောက်သာရှိပေမဲ့ စာပိနေပြီဖြစ်သည်။
Bioတွေကျက်စရာ တပုံတပင်လည်းရှိသေးသည်။ သင်္ချာအိမ်စာကတော့ နေ့လယ် ရသ လာမှလုပ်တော့မည်။ ရသကနားမလည်သည့်ပုစ္ဆာတွေ ရှိသည်ဆို၍ သူ့ကိုရှင်းပြရင်း အတူတူစာလုပ်ဖို့ ကျွန်တော့်အိမ်ကိုခေါ်ထားသည်။ ရသနဲ့ကျွန်တော်က အိမ်ချင်းနီးသည်လေ။ခု အမေတို့အဖေတို့လည်း အိမ်မှာမရှိ၊ ပိတ်ရက်ဖြစ်သော်လည်း အလုပ်တွင် အရေးကြီးအစည်းအဝေးရှိသည်ဟုဆိုကာ အပြင်သွားကြသည်။ ကျွန်တော်တစ်ယောက်တည်းဖြစ်သဖြင့် တအိမ်လုံးတိတ်ဆိတ်ကာ စာကျက်လို့ကောင်းသည့်အချိန်ဖြစ်သည်။
"အာ တော်ပြီကွာ မမှတ်မိတော့ဘူး"
မာနကို လက်လျော့ကာ စာအုပ်ထုတ်ကျက်လိုက်သည်။ Physic ဆရာက စာမေး၍မရလျှင် ရိုက်တတ်၍ သူ့ဘာသာရပ်ကို ဦးစားပေးကာ ကျက်မှရမည်။ ဆရာရိုက်တာ တော် တော်နာမည့်ပုံ။ မိုးတိမ်ကတော့ ဘယ်လောက်အရိုက်ခံရ ခံရ၊ စာကျက်မလာ။ အဲ့လောက်ထိပျင်းသည်။ "သုံးချက်တည်းပါကွာ အေးဆေး"လို့လည်း အပြုံးမပြတ်ပြောသေးသည်။ သူ့လက်ဖဝါးဖြူဖြူမှာတော့ အရှိုးရာက နီရဲလို့။
YOU ARE READING
Maniacally In love
Romance(Unicode) ချစ်ခြင်းတစ်ခုမှ ရုန်းထွက်ရန် (သို့မဟုတ်) လူတစ်ယောက်ကိုမေ့ပစ်ဖို့အတွက် အချိန်ဘယ်လောက်ကြာပါသလဲ။ (Zawgyi) ချစ်ခြင်းတစ်ခုမှ ရုန်းထွက်ရန် (သို့မဟုတ်) လူတစ်ယောက်ကိုမေ့ပစ်ဖို့အတွက် အချိန်ဘယ်လောက်ကြာပါသလဲ။