Part 4

104 7 0
                                    

(Unicode)

"သူ တကယ်ငါ့ကို စိတ်ဆိုးသွားတာလား"

အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အခါခါရေရွတ်မိသည်။ နှင်းစက်က ကျွန်တော့်ကိုစိတ်ဆိုးသတဲ့။ ပေါင်းလာတဲ့တစ်လျှောက်လုံး ကျွန်တော်ကချည်းစိတ်ကောက်လာတာလေ။

နှင်းစက် ကျူရှင်ကိုမလာတာ သုံးရက်ရှိပြီ။ ကျွန်တော့်ဖုန်းနံပါတ်ကိုလည်း ရှိရှိသမျှ အကုန်blockထားသည်၊ facebookမှာရော၊ messengerမှာရော။

ကြံရာပါ ဝဏ္ဏကတော့ ကျွန်တော့်အိပ်ရာပေါ်တွင် စိမ်ပြေနပြေ ဂိမ်းထိုင်ဆော့နေသည်။

"အဲ့တာမင်း အရမ်းသရုပ် ဆောင်တာတော်လို့ အတည်ထင်သွားတာ"

ကျွန်တော် ခေါင်းအုံးကို ဝဏ္ဏဘက် ပစ်ပေါက်လိုက်ပြီး စွပ်စွဲလိုက်သည်။ ဝဏ္ဏကတော့ သူ့ကိုချီးကျူးတယ် မှတ်ကာ စပ်ဖြဲဖြဲပြုံးပြသည်။

"နှင်းစက်က ငါ့ကိုအတည်ကြီး စိတ်ဆိုးနေတယ်"

ကျွန်တော် အံ့အားသင့်စွာ ထပ်၍ရေရွတ်မိသည်။ ထိုအခါမှ ဝဏ္ဏက ထပြောသည်။

"ငါလည်း ဒီတစ်ခေါက် မင်း နှင်းမိုးစက်ကိုစတာ တော်တော်လွန်သွားတယ် ထင်တယ်ကွ"

"အဲ့တာ မင်း သူ့ကိုဖုန်းဆက်တော့ အတည်ပေါက်ကြီး ပြောလို့လေ"

ကျွန်တော် ကျွန်တော်မှားကြောင်းကို လက်သင့်မခံနိုင်ဘဲ ဝဏ္ဏကို မဲတင်းကာ ဒေါသကိုပုံချမိသည်။

"ဟ မင်းခိုင်းလို့ငါလုပ်တာလေ မိုးတိမ်"

ကျွန်တော် သက်ပြင်းချလိုက်သည်။ နှင်းစက်နှင့် မခေါ်မပြောရတော့ စိတ်ထဲတစ်မျိူးကြီး။ ဒါပေမဲ့ ကျွန်တော်က စပြီးမတောင်းပန်ချင်၊ နှင်းစက်က တစ်ဖက်သတ်ကြီး စိတ်ဆိုးသွားတာလေ။

"မင်း နှင်းစက်ကို ဖုန်းဆက်ပြီး အကျိူးအကြောင်းပြော တောင်းပန်လိုက်ပါလား ဝဏ္ဏ"

"တော် တော်၊ ငါနဲ့ နှင်းမိုးစက်က အဲ့လောက်မရင်းနှီးဘူး၊ မင်းတို့ လင်မယားတွေစိတ်ဆိုးစိတ်ကောက်ပြသနာမှာ ငါ့ကိုဆွဲမထည့်နဲ့၊ ငါကြားမညှပ်ချင်ဘူး"

Maniacally In loveWhere stories live. Discover now