Part 5

112 7 0
                                    

(Unicode)

"ဟက်ပီးဘက်ဒေး ငါ့ရဲ့နှင်းစက်"

"ဟ ဘယ်လိုတောင်ရောက်လာတာလဲ"

မိုးတိမ်က ဝုန်းခနဲ ငုံ့ဖက်လာသဖြင့် ကျွန်တော် အိပ်နေရာမှ လန့်နိုးသွားသည်။ ဒီကောင် ကျွန်တော့်အခန်းထဲ ဘယ်ချိန်ကတည်းကရောက်နေတာလဲ။ မနေ့ကမှ ဆေးရုံကဆင်းလာတာကို ဒီနေ့မနက်အစောကြီး ကျွန်တော့်ဆီရောက်နေပြီ။ လက်ကလည်း ကျောက်ပတ်တီးမဖြည်ရသေးတာကို။

"ထ ထ၊ မျက်နှာသစ် ရေချိူး အဝတ်အစားလဲ"

အိပ်ရာထဲခွေနေဆဲဖြစ်သော ကျွန်တော့်ကို အတင်းဆွဲထူသည်။ လည်ကတုံးအဖြူ၊ ပုဆိုးအကွက်စိတ် အပြာရင့်နှင့် မိုးတိမ်အသားအရည်မှာ မနက်ခင်းနေရောင်ခြည်တွင် ဝင်းခနဲ။ သူ လက်တစ်ဖက်တည်းနဲ့ ပုဆိုးကိုဘယ်လိုများဝတ်လာတာလဲ။

ကျွန်တော် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးပွတ်ရင်း ပေတေနေလိုက်သေးသည်။

"အပျင်းမတစ်နဲ့ကွာ၊ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ဘုရားမှာ လူများမှာ၊ မြန်မြန်သွားရမယ်"

"နေပါဦး မင်းက မနေ့ကမှ ဆေးရုံဆင်းထားတာကြီးကို"

"အေး ဘာဖြစ်လဲဟာ၊ မင်းမွေးနေ့ဆို ငါတို့အတူဘုရားသွားနေကျကို"

ပြောလည်း နားထောင်မှာမဟုတ်တဲ့ မိုးတိမ်ကို ထားခဲ့ပြီး ရေချိူးခန်းထဲ ဝင်လိုက်သည်။ မွေးနေ့ရှင်က ကျွန်တော်ကို၊ သူကပိုပျော်နေသလိုပဲ။

မနက်ခင်း တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပြီးနောက် ကျွန်တော်လည်း မိုးတိမ်လို လည်ကတုံးအဖြူဝတ်လိုက်ပြီး ပုဆိုးကိုတော့ ခရမ်းနုအကွက်ကျဲလေး ရွေးဝတ်လိုက်သည်။ ဖွာကောက်နေသောဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးနေသည်ကို မိုးတိမ်က စိတ်ရှည်ရှည်စောင့်ပေး၏။

စားပွဲခုံပေါ်မှ ပါကင်လှလှထုတ်ထားသော လက်ဆောင်ထုပ်လေးကို လှမ်းအယူတွင် မိုးတိမ်က ကျွန်တော့်လက်ကောက်ဝတ်ကို ဇတ်ခနဲဆွဲကိုင်လိုက်သည်။

"အဲ့ဒါ မင်းအတွက်မွေးနေ့လက်ဆောင်၊ ညနေအိမ်ပြန်ရောက်မှ အေးဆေးဖွင့်ကြည့်၊ ခု သွားမယ် လာ"

Maniacally In loveWhere stories live. Discover now