Part 6

125 6 1
                                    

(Unicode)

မိုးနံ့သင်းပျံ့လျက်ရှိသည့် မနက်ခင်းမှိုင်းညို့ရောင်တွင် ကျောင်းတော်ကြီးမှာ ထီးတည်းကြီး တည်ရှိနေ၏။ သုံးလတာ ကျောင်းနှင့်ခွဲခွာခဲ့ရပြီးနောက် ခုချိန်တွင်တော့ ကျောင်းသူကျောင်းသားများဖြင့် ကျောင်းတော်ကြီးမှာ ဆူဆူညံညံရှိလှပါသည်။

တာဝန်ဝတ္တရားအတိုင်း ကျွန်တော်က ကျောင်းကိုအရင်ရောက်နှင့်ပြီး  ကျောင်းဆင်ဝင်အောက်တွင် မိုးတိမ်ကိုစောင့်နေမြဲတိုင်း စောင့်နေသော်လည်း ဂိတ်တံခါးဝမှ မိုးတိမ်ကို သိမ့်သဇင်နှင့်အတူတွဲဝင်လာသည်ကို လှမ်းမြင်လိုက်ရ၍ ကျွန်တော် ခြေလှမ်းကျဲတွေဖြင့် ကိုးတန်းဆောင်ဘက်သို့ တက်လာခဲ့တော့သည်။ အခုမှ ချစ်သူဖြစ်ခါစ သူတို့နှစ်ယောက်ကြား ကျွန်တော်ဝင်မရှုပ်သင့်ပေ။ သိမ့်သဇင်က မိုးတိမ်ကို ကျောင်းမဖွင့်မှီတစ်ရက်အလိုကပင် အလောတကြီးနှင့် အဖြေပေးခဲ့သည်တဲ့လေ။

ကျောင်းတက်ချိန်နီးပြီဖြစ်၍ အတန်းထဲ၌ လူတစ်ဝက်ကျော်မျှရှိနေသည်။ ကျွန်တော် လျှောက်လမ်းရှိရာပြတင်းပေါက်နှင့်ကပ်လျက်နေရာ နောက်ဆုံးရောက်သည့်နေရာကိုရွေးလိုက်ပြီး တစ်ခုံကိုလွယ်အိတ်တင်ကာ နောက်တစ်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဒီလိုမှ မိုးတိမ် ကျွန်တော့်အတန်းရှေ့ကဖြတ်လျှောက်သည့်အခါ ဖြတ်ခနဲငေးလို့ရမည်။ ကျောင်းပိတ်ထားသဖြင့် ဖုန်တက်နေသော စာရေးစားပွဲခုံကို လွယ်အိတ်ထဲမှ တစ်ရှူးထုတ်၍ သုတ်လိုက်သည်။ ခေါင်းထဲဘာကိုမှမတွေးချင်တော့၍ စာအုပ်အသစ်တွေကို တစ်အုပ်  ပြီးတစ်အုပ်ထုတ်ကာ စာအုပ်အဖုံးပေါ်တွင် နာမည်တပ်နေလိုက်သည်။

"ဒီမှာခင်ဗျ ဒီခုံကလွယ်အိတ်လေးဖယ်ပေးပါလား"

ကျွန်တော့်ဘေးမှ စားပွဲခုံလွတ်ကို လက်ဆစ်ဖြင့်တစ်ဒေါက်ဒေါက်ခေါက်ပြီး မေးလာသည့်လူတစ်ယောက်။ ကျွန်တော်မော့ကြည့်လိုက်တော့ မရင်းနှီးသည့်မျက်နှာ။

တင်ထားသည့်လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး

"ဟင့်အင်း ဒီခုံကထိုင်လို့မရဘူး"

လူရှိတာလည်းမဟုတ်ဘဲ ထိုင်လို့မရတာတဲ့။ အူကြောင်ကြောင်ကောင်လေးပါလား။ ကျွန်တော်စိတ်အိုက်သွားရသည်။ ဒီနေ့မှ စပြောင်းလာသည်မို့ အတန်းကိုလည်း ခြေတိုအောင်ပတ်ရှာရသဖြင့် ညောင်းလှပြီ။ ခုလည်း ထိုင်စရာနေရာမတွေ့၍ အတန်းထဲတွင် ယောင်လည်လည်နှင့် မတ်တပ်ရပ်နေရပြန်သည်။

You've reached the end of published parts.

⏰ Last updated: Nov 08, 2021 ⏰

Add this story to your Library to get notified about new parts!

Maniacally In loveWhere stories live. Discover now