Part 3

113 11 0
                                    

(Unicode)

ခေတ်မှီလှပသော ဟိုတယ်အဆောက်အအုံအမြင့်ကြီးသည် နေရောင်ထဲတွင် တလက်လက် တောက်ပနေ၏။ ဦးကောင်းဖေ မှန်ချပ်ကြီးများဖြင့် ရှိန်းရှိန်းဖိန့်နေသော ထိုဟိုတယ်ကို မျက်စိတစ်ဆုံးမော့ကြည့်လိုက်သည်။ ဘေးမှ အားကိုးတကြီး လက်မောင်းကိုတွယ်ချိတ်ထားသော မိန်းမကိုလည်း အားပေးအပြုံးကို ပြုံးပြရသည်။

အဆောက်အအုံထဲဝင်လိုက်တာနှင့် လေအေးပေးစက်များကြောင့် အပြင်ကအပူရှိန်များသက်သာသွားသော်လည်း ရင်ထဲမှ ပူလောင်မီးမှာ မငြိမ်းသေးပေ။

Lobbyတွင် လူများ ဖြင့်ရှုပ်ယှက်ခတ်နေ၏။ ကြီးမားသော မီးဆိုင်းကို Lobby၏အလယ်တွင် ခမ်းခမ်းနားနားချိတ်ထားသည်။ ဘယ်ဘက်တွင် ဧည့်ကြိုကောင်တာရှိ၍ ညာဘက်တွင် ဆိုဖာများအစီအရီချထားကာ တချို့ဧည့်သည်များ နားနေ၏။ ကော်ဇော်နီနီကြောင့် ဟိုတယ်၏ဂုဏ်ကျက်သရေမှာ ပိုပြီးပြည့်စုံနေသည်။ သူ၏ ကုမ္ပဏီသည် ဒီဟိုတယ်ကြီးနှင့် ယှဥ်လိုက်လျှင် သေးသေးလေးဖြစ်၍ ဦးကောင်းဖေစိတ်ထဲတွင် အလိုလိုသိမ်ငယ်သွားသည်။ ဒါပေမဲ့ သူစိတ်ကိုတင်းကာ အသက်ဝဝရှူလိုက်သည်။ ဘယ်လောက်ပဲ သေးငယ်သည့်ကုမ္ပဏီဖြစ်နေစေဦးတော့ သူသည်ကုမ္ပဏီပိုင်ရှင်၊ မိသားစုတစ်စု၏ အိမ်ထောင်ဦးစီး။

သူ ဇနီးဖြစ်သူလက်ကို တင်းတင်းဆုပ်ကိုင်၍ ကောင်တာသို့သွားလိုက်သည်။

"ဥက္ကဋ္ဌ ဦးကျော်ခန့်နဲ့တွေ့ချင်လို့ပါ"

"ကြိုတင်ချိန်းထားပြီးသားလားရှင့်"

"ဟုတ်ပါတယ်"

ထိုသို့ပြောလိုက်မှ ကောင်တာမှ ဝန်ထမ်းကောင်မလေးက ဖုန်းမှတဆင့် ဥက္ကဠအခန်းကို ဆက်သွယ် ပေးသည်။

"ဟယ်လို ဒီမှာ သူဌေးနဲ့တွေ့ဖို့ ဧည့်သည်ရောက်နေပါတယ်"

ဟိုဘက်တဖက်မှ နာမည်ကိုမေးဟန်တူသည်။ ဝန်ထမ်းမလေးက ဖုန်းခွက်ကို လက်နှင့်အုပ်ကာ သူ့ဘက်လှည့်၍  နာမည်မေးလာသည်။

"စံချိန်မှီဆောက်လုပ်ရေးကုမ္ပဏီက ဦးကောင်းဖေလို့ ပြောပေးပါ၊ သူသိပါတယ်ကွယ်"

Maniacally In loveWhere stories live. Discover now