Intro

29.6K 1.5K 82
                                    

zawgyi

[အနားသတ် မညီသော]
.
.
.
တစ်ယောက်အိပ်ကုတင်နှင့် အ၀တ်ဗီဒိုဟောင်း တစ်ခုသာ ရှိသည့် အခန်းကျဉ်း ။

ထိုအခန်းထဲက ကုတင်ထက် အိပ်စက်နေသော ယောက်ျားပျိုတစ်ဦး ။
ဖုန်းဆီကနေ Alarmမြည်လာလျှင် လှပလွန်းသည့် မျက်ဝန်းအိမ်ကျယ်တို့က ဖျတ်ခနဲပွင့်လာသည် ။

အဖြူရောင်ထက် ၀င်းဝါနေသည့် အသားအရေ၊ မျက်ရစ်တစ်ဖက်သာ ရှိသော မျက်ဝန်းအိမ်ကျယ်က မျက်တောင်များက ရှည်လျားကော့ညွှတ်နေသည် ။

နှာတံစင်းစင်းထိပ်က မှဲ့နက်လေး၊ ခပ်တင်းတင်း စေ့ပိတ်ထားသည့် အသည်းပုံသဏ္ဍာန် နှုတ်ခမ်းပါး ။

အခြားသူတွေလို အိပ်ရာထဲမှာ မှေးစက်ဇိမ်ခံခြင်း မရှိ၊ အိပ်ရာမှထကာ အိပ်ရာသိမ်း၊ အခန်းကျဉ်းလေးထဲမှ ထွက်ကာ လူတစ်ကိုယ်စာ လှည့်လည်ရုံသာ နေရာရှိသော ရေချိုးခန်းလေးထဲသို့ ၀င်ကာ မျက်နှာသစ် သွားတိုက် တစ်ကိုယ်ရည် သန့်ရှင်းရေးအမှုများကို ဆောင်ရွက်လိုက်သည် ။

တစ်ဖက်မှာတော့ ကြီးမားကျယ်ဝန်းပြီး အဖိုးတန် အသုံးအဆောင်ပစ္စည်းများနှင့် စီခြယ်ထားသော အိပ်ခန်းတစ်ခု ။

ကြီးမားသော ခုတင်ထက်ဝယ် ဟိုလှိမ့် ဒီလှိမ့်ဖြင့် ဇိမ်ခံနေသည့် ယောက်ျားပျိုတစ်ဦးက အတန်ကြာမှ အပျင်းကြောဆန့်လျက် သမ်းဝေပြီး ထထိုင်လာသည် ။

ဖြူအုနေသည့် အသားအရေ၊ နှာတံလုံးလုံး၊ သမ်းဝေလိုက်လျှင် ပေါ်လာခဲ့သော နီထွေးနေသည့် နှုတ်ခမ်းပါးထဲမှ ယုန်သွားလေးနှစ်ချောင်း ။

ထို့နောက် သူ့ခုတင်ဘေးရှိ ဘဲလ်ကို နှိပ်လိုက်လျှင် အနက်ရောင် အနောက်တိုင်း ၀တ်စုံပြည့် ၀တ်ဆင်ထားသော အလုပ်သမားနှစ်ဦးက ၀င်လာလျက် သူ့ခုတင်ဘေးတွင် အိမ်ပေါ်စီး အမွှေးပွဖိနပ်ကို လာချပေးသည် ။

ထိုယောက်ျားပျိုက ဖိနပ်ကို အသင့်စီးလျက် မမှိတ်တမှိတ် မျက်ဝန်းများနှင့် အလုပ်သမား ကမ်းပေးလာသော ရေခွက်ကိုယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်သည် ။

ပြီးမှ သူဦးတည်လိုက်သောနေရာက ရေချိုးခန်း ။

အိပ်ခန်းနီးပါး ကျယ်ဝန်းသည့် သူ့ရေချိုးခန်း၌ အငွေ့တထောင်းထောင်းထလျက် နှင်းဆီပွင့်ဖတ်လေးများနှင့် ပြည့်နှက်နေသော ရေချိုးကန် ။

Difference between us (Complete)Where stories live. Discover now