zawgyi
အနားသတ် မညီသော
အပိုင်း (၆)
ဝန်ဆောင်မှုဌာန၌ အလုပ်ကူနေသည့် ထယ်ယောင်း၏ ဖုန်းထံသို့ ၀င်လာသည့် ဖုန်းနံပါတ်တစ်ခု ။
ရင်းနှီးနေသည့် ဖုန်းနံပါတ်ကြောင့် နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွှတ်သွားရသည် ။
အခုထက်ထိ ဖုန်းနံပါတ် မပြောင်းသေးဘူးပဲ..။
ဖုန်းကို ဖွင့်နားထောင်လိုက်လျှင် အရင်က ကြားနေကျ ချိုသာသာ စကားသံအစား အမိန့်စွက်နေသည့် လေသံ ။
" အခုချက်ချင်း ရုံးခန်းကို လာခဲ့... ၅မိနစ်ပဲ အချိန်ပေးမယ်.. ၅မိနစ်အတွင်း ရောက်အောင်လာ.."
" တီလ်...."
အမိန့်ပေးပြီးသည်နှင့် ချက်ချင်းလက်ငင်း ဖုန်းချသွားသည့် ဂျွန်ကြောင့် စီနီယာတွေကို အကျိုးအကြောင်းပြောပြီး CEOရုံးခန်းဆီ အပြေးတပိုင်း လာခဲ့ရသည် ။
" ခင်ဗျား..၃မိနစ်တောင် နောက်ကျတယ်... နောက်ဆို ကျွန်တော် ခေါ်တဲ့အချိန် ရောက်အောင်လာ..."
ချွေးစတို့ စို့သည်အထိ အပြေးအလွှား လာခဲ့သည့် ထယ်ယောင်းက တစ်ခွန်းမျှ စောဒဂ မတက်ဘဲ ဦးညွှတ်နာခံသည် ။
" နေ့လယ်စာ မစားရသေးဘူး.. စားဖိုဆောင်ကနေ အစားအသောက် သွားယူလာပေး.. ခင်ဗျားကိုယ်တိုင်.."
စားဖိုဆောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး တွန်းလှည်းနှင့် အစားအသောက်များကို ယူဆောင်လာခဲ့ရသည့် ထယ်ယောင်း ။
" ၀ိုင်သောက်ချင်တယ်... 1980ထုတ်ဝိုင်..."
ရုံးခန်းထဲက ဧည့်တွေ့ဆိုဖာမှာ စမတ်ကျကျ ခြေကလိမ်ချိတ်ထိုင်ရင်း တစ်ခုပြီးတစ်ခု ခိုင်းနေပါသော ဂျွန့်ကြောင့် ထယ်ယောင်းမှာ ရုံးခန်းထဲကို အခေါက်ခေါက် အခါခါ ကူးချည်သန်းချည် ။
နဖူးစထက် စို့လာသည့် ချွေးစများ ။
မောဟိုက်နေပေမယ့် အတတ်နိုင်ဆုံး ဘာမှမဖြစ်ဟန်သာ လုပ်ယူထားကာ ဂျွန် ခိုင်းသမျှကို လုပ်ဆောင်ပေးမိသည် ။" စားပြီးတဲ့အထိ ရပ်စောင့်နေ.. ရုံးခန်းမှာ ပန်းကန်အပေ ထားတာမျိုး မလိုချင်လို့.. စားပြီးတာနဲ့ ပြန်သိမ်းသွား..."