4

9.2K 1K 44
                                    

zawgyi

အနားသတ် မညီသော

အပိုင်း (၄)

CEO၏ရုံးခန်းတံခါးကို ခေါက်ကာ တံခါးဖွင့် ၀င်လာခဲ့သည့် ချာအွန်ဝူး ။

ဂျောင်ကုက ရုံးခန်းမှာ အယောင်ပြ ခဏလောက်ထိုင်ပြီး ပြန်သွားခဲ့ပြီထင်နေတာကို သူ့ကို ဖုန်းဆက်ပြီး ရုံးခန်းထဲ လာခိုင်းသည်ကြောင့် မျက်ခုံးက ခပ်လှုပ်လှုပ် ။

ဘာပြဿနာတွေ ရှာထားပြန်ပြီလဲ..။

ရုံးခန်းထဲက အလှမွေးထားသည့် ငါးကန်ရှေ့မှာ ငုတ်တုတ်လေး ထိုင်နေသည့် ဂျွန်ဂျောင်ကု ။
ကူးလူးခတ်နေသည့် ရွှေငါးပေါက်စလေးတွေကို ကြည့်ကာ ခန့်မှန်းရခက်နေသည့် မျက်နှာထား ။

" ဘာထိုင်လုပ်နေတာလဲ... "

" ရောက်လာပြီလား..."

" ကျွန်တော့်ကို ဘာကိစ္စကြောင့် ခေါ်တာလဲ..."

ချာအွန်ဝူး အမေးကြောင့် ဓာတ်လှေကား အတူတူစီးပြီး အေးအေးလူလူပင် အထပ်တစ်ထပ်မှာ ဆင်းသွားခဲ့သည့် ကင်မ်ထယ်ယောင်း နောက်ကျောကို ပြန်မြင်ယောင်လာသည် ။

သူ့မှာတော့ ဒေါသထွက်တာတွေရော ခံပြင်းတာတွေရော ခံစားချက်တွေက စုပြုံပြီး ဘာစကားမှ မဆိုနိုင်လိုက်ပေမယ့် အဲ့လူက..

" မတွေ့တာကြာပြီ..."

အဲ့လူက ဂျောင်ကုကို ပြန်တွေ့တာ ဘယ်လိုမှ မနေဘူးလား!?..
အပြစ်ရှိစိတ် နည်းနည်းလေးတောင် မခံစားရဘူးတဲ့လား!?..

" မင်းကသာ အဆက်မဖြတ်နိုင်ဘူး ပြောတာ.. အဲ့ကောင်လေးကတော့ ၀မ်သိန်း၅၀၀ပေးရင် မင်းကို လမ်းခွဲပေးမယ်တဲ့.. အသိစိတ် သေချာကပ်စမ်းပါ.. ဂျွန်ဂျောင်ကု.."

" မဟုတ်ဘူး!.. ထယ်က အဲ့လိုလုပ်မှာ မဟုတ်ဘူး.. အဘွားက ကျွန်တော့်ကို ညာတာ!..."

အဘွားက သူ့ကို စောင့်ကြည့်ရန် ထားရှိထားသည့် အစောင့်များကို တွန်းကန်ရင်း ထိုလူရှိရာဆီ အပြေးအလွှား သွားခဲ့ပေမယ့်..

" လမ်းခွဲရအောင်.. ဂျွန်.. ငါတို့ ဆက်ဆံရေးကို ဒီမှာတင် အဆုံးသတ်ရအောင်..."

ရင်ဝတည့်တည့်ကို ဆောင့်ကန်လိုက်သလို ထိုလူ၏ စကား ။

" ထယ်.. ဘာတွေ ပြောနေတာလဲ.. ထယ့်ကို ကျွန်တော် အရမ်း ချစ်တယ်လေ.. လုံးဝ လမ်းမခွဲပေးနိုင်ဘူး.. ကျွန်တော့်ကို မထားသွားပါနဲ့.. ကျွန်တော်က ထယ် မရှိရင် မဖြစ်ဘူးဆိုတာ သိတယ်မလား.. "

Difference between us (Complete)Where stories live. Discover now