zawgyi
အနားသတ် မညီသော
အပိုင်း (၁၇)
တိုက်ခန်းထဲကနေ ပြန်ထွက်လာခဲ့သည့် ဂျွန်ဂျောင်ကု ။
ကိုယ့်အဖြစ်ကိုယ် ဟက်ခနဲ တစ်ချက် လှောင်ရယ်မိသည် ။မင်းက အဆုံးထိ ဘာတွေ မျှော်လင့်နေခဲ့တာလဲ.. ဂျွန်ဂျောင်ကု..။
အရူးပဲ.. ဒီကမ္ဘာမှာ မင်းလောက် ရူးတဲ့သူ ရှိတော့မှာ မဟုတ်ဘူး..။အမှတ်မရှိ နာကျင်လာပြန်သည့် ရင်ထဲကအကောင်ကို လျစ်လျူရှုရင်း ထိုတိုက်ခန်းအရှေ့ကနေ ထွက်လာခဲ့လျှင် ကင်မ်ထယ်ယောင်း၏ ညီဖြစ်သူနှင့် လျှောက်လမ်းမှာ ဆုံစည်းလိုက်ရသည် ။
ထိုကောင်လေးက သူ့အမေနာရေးတွင် တွေ့ခဲ့သည့် ဂျောင်ကုကို မှတ်မိဟန်နှင့် အံ့သြရိပ် သန်းသွားသော်လည်း အသိအမှတ်ပြုဟန် ဦးညွှတ်နှုတ်ဆက်လာသည် ။
ဂျောင်ကုလည်း ခေါင်းပြန်ညိတ်ပြရင်း ထိုကောင်လေးကို ဖြတ်လျှောက်ကာ ထိုတိုက်ခန်းနှင့် ဝေးရာသို့သာ ထွက်လာခဲ့မိသည် ။
.
.
.ကင်မ်ထယ်ယန်း အိမ်ရှေ့တံခါး ဖွင့်ပြီး ၀င်လာခဲ့လျှင် ငိုရှိုက်သံကို ကြားလိုက်ရ၍ ခေါင်းထောင်သွားရသည် ။
အသံလာရာဆီ တရွေ့ရွေ့ လျှောက်လမ်းလိုက်သည့်အခါ မီးဖိုချောင်ထဲက ဘေစင်ရှေ့၌ ထိုင်ချလျက် ငိုရှိုက်နေသည့် အကိုဖြစ်သူကို တွေ့လိုက်ရ၍ မှင်သက်သွားမိသည် ။
ကိုကို့၏ မျက်ရည်ကို ထယ်ယန်း မတွေ့မြင်ဖူးသည်မှာ ကြာမြှင့်ခဲ့ပြီ ။
သူတို့ငယ်စဉ်တုန်းက အဖေဆိုသူက သူတို့ညီအကိုနှစ်ယောက်ကို ရိုက်နှက်သည့်အခါ ထယ်ယန်း၏ ခန္ဓာကိုယ်ကို အပြည့်အ၀ အုပ်မိုးကာကွယ်၍ သူတစ်ယောက်သာ အရိုက်ခံခဲ့သော ကိုကိုက အဲ့ဒီ့တုန်းကတောင် ယခုကဲ့သို့ မငိုရှိုက်ဖူး ။
ဝမ်းပန်းတနည်း ငိုရှိုက်နေသော ကိုကို့ကြောင့် ထယ်ယန်းရင်အစုံက နာကျင်လာရကာ အလိုက်တသိနှင့်ပင် ကိုကို့ကို တစ်ယောက်တည်း လွှတ်ထားပေးလိုက်သည် ။
ကိုကိုကလည်း ထယ်ယန်းတို့လို အများသူဌာ လူသားတစ်ယောက်ပဲလေ..။