9

8.5K 952 101
                                    

zawgyi

အနားသတ် မညီသော

အပိုင်း (၉)

ရေခဲသေတ္တာကို ဖွင့်လိုက်သည့် ထယ်ယောင်း ။
အမျိုးအမည် အစုံအလင် ရှိနေသောကြောင့် ညစာအတွက် ဟင်းပွဲအချို့ကို လွယ်လင့်တကူပင် ချက်ပြုတ်ပြင်ဆင်လိုက်သည် ။

" တောက်... တောက်..."

ပဲပြားကို ရေစင်အောင်ဆေးပြီး အချိုးကျနစွာ လှီးဖြတ်ကာ ပွက်ပွက်ဆူနေသည့် ဟင်းရည်အိုးထဲ ထည့်လိုက်စဉ် ကြားလိုက်ရသည့် 'တတောက်တောက်'အသံ ။

သူ ဇဝေဇဝါ ဖြစ်သွားလျက် ဟင်းချက်ရာတွင်သာ အာရုံစိုက်လိုက်သော်လည်း 'တတောက်တောက်'အသံကို ထပ်မံကြားလိုက်ရပြန်သည် ။

အဲ့ဒီ့အသံက ဘယ်နားကနေ ထွက်နေတာလဲ??

ဒီအိမ်ကြီးထဲမှာ သူနှင့်ဂျွန်သာ ရှိတာမို့ ဂျွန့်အသံတော့ မဖြစ်တန်ရာ ။

ထယ်ယောင်း နီးစပ်ရာ ဒယ်ပြားကိုကောက်ယူလိုက်ကာ အသံလာရာကို စူးစမ်းကာ တရွေ့ရွေ့ ချဉ်းကပ်မိသည် ။

ထိုအချိန်၌ သူရှိရာဆီ အတောင်ပံ တဖျတ်ဖျတ်ခတ်၍ ထွက်ပေါ်လာသော အကောင်တစ်ကောင်ကြောင့် လန့်ဖြတ်ကာ လက်ထဲက ဒယ်ပြားနှင့် ရိုက်လွှဲချမိလိုက်တော့သည် ။

" ဒုန်း!!...."
.
.
.

" သားကြီးရေ!... ဖေ့သားကြီး!... ဘယ်ရောက်နေတာလဲ??..."

ဂျောင်ကု အခန်းထဲမှာသာအချိန်ဖြုန်းနေရင်းမှ ကင်မ်ထယ်ယောင်း ချက်ပြုတ်ပြင်ဆင်ပြီးလောက်ပြီဆိုမှ အောက်ထပ်ကို ဆင်းလာခဲ့သည် ။

လာသည့်တလျှောက်လုံးလည်း သူ့သားကိုပါ အစာကျွေးရန် အလို့ဌာ တကြော်ကြော် အော်ရှာပေမယ့် မတွေ့ ။

ကြည့်ရတာ တစ်နေကုန် လှောင်ချိုင့်ထဲမှာပဲ နေခဲ့ရတော့ လမ်းသလားနေတာ ဖြစ်မည် ။

အောက်ထပ်သို့ ရောက်ရောက်ချင်း နှာဝထဲ တိုးဝင်လာသည့် မွှေးပျံ့လွန်းသည့် ရနံ့ ။

မီးဖိုချောင်ဆီကို သူ မသိမသာ ချဉ်းကပ်သွားရင်းမှ ချောင်းကြည့်မိလျှင် ကင်မ်ထယ်ယောင်းက ဟင်းရည်အိုးကို မွှေနေသည် ။

Difference between us (Complete)Where stories live. Discover now