2

10.5K 1K 84
                                    

zawgyi

အနားသတ် မညီသော

  အပိုင်း (၂)

" ဟူး....."

ရှေးခေတ်ရိုးရာ နန်းတော်သဖွယ် ဆောက်လုပ်ထားပါသည့် အိမ်ကြီးအရှေ့တွင် ကားဆိုက်ကာမှ ဂျွန်ဂျောင်ကုတစ်ယောက် စိုးထိတ်စိတ် ၀င်လာသည် ။

" အွန်ဝူး... အဖေက ငါ့ကို ဘယ်လောက်အတိုင်းအတာထိ ဆူမယ်လို့ ထင်လဲ??.. ဟို.. ငါ့ရဲ့ကတ်တွေတော့ မပိတ်လောက်ဘူးမလား..."

" သုံးဖြုန်းပြီး ပြဿနာ ရှာတုန်းက အဲ့အကြောင်းတွေ မတွေးခဲ့ဘူးလား..."

" မင်းကလည်း... အဲ့ဒါက အတိတ်မှာ ကျန်ခဲ့ပြီ.. အခုက ငါ့ရဲ့အနာဂတ်နဲ့ သက်ဆိုင်တဲ့ကိစ္စ..."

" သူဌေးရဲ့အနာဂတ်က ဘယ်လိုရှိလဲဆိုတာ.. ဥက္ကဋ္ဌကြီးက အဆုံးအဖြတ် ပေးပါလိမ့်မယ်... မြန်မြန်ရင်ဆိုင်လိုက်တာက မကောင်းဘူးလား..."

" အင်းလေ... အဖေက ငါ့ကိုတော့ မရက်စက်လောက်ပါဘူး...."

ဂျွန်ဂျောင်ကု စိတ်တင်းလျက် အလုပ်သမားများ အသင့်ဆွဲဖွင့်ပေးသည့် တံခါးမကြီးမှတဆင့် အိမ်တွင်းသို့ ၀င်လိုက်သည် ။

ရှေးရိုးရာ အပြင်အဆင်နှင့် ခေတ်စနစ်ကို ရောယှက်ကာ ဆောက်လုပ်ထားသော အိမ်တော်ကြီးက အတွင်းအပြင်အဆင်ကလည်း ခမ်းနားထည်ဝါသည် ။

" ဥက္ကဋ္ဌကြီးက ထမင်းစားခန်းမှာ စောင့်နေပါတယ်..."

အိမ်တော်ထိန်း၏ ဦးဆောင်မှုနှင့်အတူ ဂျွန်ဂျောင်ကု ထမင်းစားခန်းကို လျှောက်လမ်းခဲ့သည် ။

စားသောက်ဖွယ်ရာများအပြည့် ခင်းကျင်းထားသော စားပွဲဝိုင်းထိပ်တွင် နေရာယူထားသည့် ခန့်ညားကြည့်ကောင်းသော သက်လတ်ပိုင်း လူကြီးတစ်ဦး ။

ထိုသူကတော့ တောင်ကိုးရီးယားနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် သူဌေးများထဲက တစ်ဦးဖြစ်သူ ဂျွန်ဂျောင်းဆူ ။

သူ့ဘေးမှာ ခြံရံလျက် ထိုင်နေသော အမျိုးသမီးလေးဦး ။
ပုံသဏ္ဍာန်၊ အသွင်အပြင်၊ အ၀တ်အစား ကွဲပြားခြားနားသော်လည်း တူညီသည့်တစ်ချက်က အထက်တန်းကျစွာ လှပနေခြင်း ။

Difference between us (Complete)Where stories live. Discover now