Zawgyi
"လူစီးရပ်စ်!"
"ပြောပါ ပါမောက္ခ! "
"ခုနကစကားက အတည်ပဲလား?"
"ဟုတ်ပါတယ်!ပါမောက္ခ.. ကျတော် Hogwart မှာ စာသင်ချင်လို့ပါ"
ထိုစကားကို လူစီးရပ်စ် ကိုယ်တိုင်ပြောလို့သာ ယုံရသည်..တခြားလူနဲ့ ပြောခိုင်းမည်သာဆို ယုံနိုင်မည်မဟုတ်...။
ဟော့ဝပ်ကျောင်းကို တစ်နှစ်ကိုတစ်ခါတောင် မလာတဲ့လူက အခုတော့ ဒီကျောင်းကြီးမှာ နေပြီး စာသင်မယ်ပေါ့လေ..
အံသြဘ..ကမ္ဘောဇ..!😬😬"Well!လူစီးရပ်စ်.. မင်းရဲ့ အရည်အချင်းကိုတော့ အပြည့်အဝယုံကြည်ပါတယ်!ဒါပေမယ့် ဒီမှာပဲ နေရမှာဆိုတော့ အဆင်ပြေရဲ့လား?"
အဆင်ပြေတာပေါ့..မပြေစရာအကြောင်းမှ မရှိတာကို...။
"ပြေပါတယ်..ပါမောက္ခ! "
"ကောင်းပါပြီ!ဒါဆို..မှော်နက်ဆရာနေရာမှာ ဝင်လို့ရပါတယ်..အရင်နှစ်က ပရော်ဖက်ဆာ ကွိုင်ရယ်လည်း မရှိတော့ဘူးလေ"
မှော်နက်ဆရာတဲ့လား..ဟီးဟီး..ငါနဲ့တော့တွေ့ပြီ..ကျောင်းသားတွေကို အဗာဒါကာဒါဗရာ ဆိုပြီး လုပ်ချလိုက်မှ...😵
(A/N ဖြည်းဖြည်းလုပ်ပါဟယ်)
"လူစီးရပ်စ်!"
တွေးချင်ရာတွေးပြီး ပြုံးနေတဲ့ လူစီးရပ်စ်ကို ပါမောက္ခဒမ်ဘယ်ဒေါ က မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်...
"ဟုတ်ကဲ့.Sir!မနက်ဖြန်မှ စမှာဆိုတော့ မနက်ဖြန် ပြန်လာခဲ့ပါမယ်...ခွင့်ပြုပါဦး!"
"ကောင်းပါပြီ!"
သူ့အစီအစဉ်အတိုင်း ဖြစ်လာတဲ့ လူစီးရပ်စ်ကတော့စိတ်ထဲတွေးပြီး ကျေနပ်နေပေမယ့်...
"ပါမောက္ခ!သူ့ကို အလုပ်ခန့်လို့ဖြစ်ပါ့မလား?"
ပရော်ဖက်ဆာ မက်ဂေါနဂယ် ၏ စိုးရိမ်နေတဲ့ အကြည့်နဲ့ မေးလိုက်သည့် မေးခွန်းကို ဒမ်ဘယ်ဒေါတစ်ယောက် ပြုံးပြီး ပြန်ဖြေလိုက်သည်..
"ရန်သူကို အနီးကပ်စောင့်ကြည့်တယ် လို့ သဘောထားလိုက်ပါ!"