(Unicode)
"မိုးနင်းမာလ်တယ်"
ဟယ်ရီခေါင်းတချက်ညိမ့်ပြီး မွန်နီ့ခေါ်ရာကိုသာ လိုက်လာတော့သည်။
အတွေးထဲတွင်တော့ ဒရေကိုပြောခဲ့သောစကားများက နေရာယူနေဆဲ...။ဒုတိယထပ်ယောကျ်ားလေးအိမ်သာပျက်ကြီးမှာ ဝင်လာရုံနဲ့ချောက်ချားဖွယ်ကောင်းနေသည် ။ လူသူအရောက်အပေါက်နည်းသည်မို့ တိတ်ဆိတ်လို့လည်းနေသည်။
"ဟယ်လို......."
စူးရှရှအသံကြောင့် ဟယ်ရီတို့သုံးယောက်သား တုန်တက်သွားသည်။
"မာလ်တယ်!ငါပါ..ဟာမွန်နီ"
"ဟာမွန်နီ..."
အရိပ်အယောင်မမြင်ရသေးဘဲအသံသာကြားနေရသော စူးရှရှအသံကိုနားစွင့်ရင်းဘေးဝဲယာကိုသာ ကြည့်နေမိကြတော့သည်။ရုတ်တရက်အိမ်သာဘောင်မှထိုင်နေတဲ့ဖြူလွလွအရိပ်ကလေးကိုဟယ်ရီတို့မြင်လိုက်ရသည်။
မိုးနင်းမာလ်တယ်ပဲ။မျက်မှန်ထူထူနဲ့ဆံပင်နှစ်ဖက်ခွစည်းကာအနည်းငယ်အကျည်းတန်သည်ထင်ရသော်လည်း ချစ်ဖို့တော့ကောင်းသည်။
"မာလ်တယ်..ငါတို့ကိုဟိုစာအုပ်ပေးလို့ရမလား "
"အိုခေ..ဒီမှာ"
မာလ်တယ်က သူ့အိမ်သာခွက်ပေါ်မှာတင်ထားတဲ့ ခပ်နွမ်းနွမ်းစာအုပ်ကို မွန်နီ့ဆီပေးတယ်။
"အဟင်း..ငါ့ဟာငါအိမ်သာမှာထိုင်ငိုနေတုန်း အဲ့ဒီစာအုပ်နဲ့ငါ့ခေါင်းကိုတစ်ယောက်ယောက်ကောက်ပေါက်လိုက်တာ..အဟင့်"
မာလ်တယ်ကအသံစူးစူးနဲ့ အော်ငိုပြီး အိမ်သာခွက်ထဲပြန်ဝင်သွားရှာတယ်။
"မွန်နီ...အဲ့ဒါဘာလဲ?အထဲမှာဘာမှလည်းမရှိဘူး"
"Tom Riddleတဲ့"
စာအုပ်အဖုံးမှာထွင်းထားတဲ့နာမည်တစ်ခုအပြင် အခြားမရှိ။စာအုပ်ထဲမှာလည်းဗလာ။
"ဒီစာအုပ်ကိုဘာဖြစ်လို့...အာ့"
ဟယ်ရီတချက်တွန့်သွားသည်။
"ဘာဖြစ်တာလဲဟယ်ရီ?"
"ငါ့အမာရွတ်..အမာရွတ်ကနာတယ်"