#Zawgyi
ဘာလိုလိုနဲ့ လူစီးရပ်စ် တစ်ယောက် ကျောင်းကိုရောက်တာတောင် တစ်လကျော်နေပြီဖြစ်သည်..။
စာသင်ရတာလည်း အဆင်ပြေသလို ပေါင်းသင်းဆက်ဆံရေးလည်း ပို၍ အဆင်ပြေလာသည်..။
ခက်နေသည်ကား ဆေးဗားရပ်စ်စနိပ်!
တစ်နေ့တစ်ခါတောင် စကားကောင်းကောင်းမပြော..တွေ့တိုင်း ဘုကလန့်ပဲ ပြောနေသောကြောင့် အရင်က ကိစ္စတွေကို စိတ်ဆိုးမပြေသေးမှန်း သိသာသည်...။တစ်ခုထူးခြားသည်က ဆေးဗားရပ်စ် နှင့်တွေ့လျှင် ကိုယ့်စိတ်ကို ကိုယ်မနိုင်ဖြစ်နေတတ်သည်..။
သူနဲ့စကားပြောနေသည့်အချိန်မျိုးတွင် ကိုယ့်စိတ်ကို ကိုယ်မပိုင်တော့သလို...တစ်ခြားတစ်ယောက်က ထိန်းချုပ်ထားသလိုဖြစ်နေသောကြောင့် ဖြစ်သည်...။
တွေ့လိုက်လျှင်ပင် လူစီးရပ်စ်၏ မှတ်ဉာဏ်များက မျက်လုံးထဲတွင် တဖြည်းဖြည်း ပြန်ပေါ်လာတတ်သည်...။သေချာသည်...ထိုသည်မှာ တကယ့် လူစီးရပ်စ်၏ ဝိဉာဉ်ပင်ဖြစ်သည်..။
"အဟမ်း!"
ချောင်းဟန့်သံကြား၍ အတွေးစများကို ဖြတ်ကာ အသံလာရာကို ကြည့်မိတော့ ဆေးဗားရပ်စ် ဖြစ်နေသည်..။
"Sev...!!"
ကြည့်မိလိုက်တော့ ကိုယ်အရှေ့တောင်ရောက်လာလေပြီ!ဘယ်အချိန်ရောက်လာလဲတောင်မသိ...။
"အေး...ကျောင်းအုပ်ကြီးက ညနေကျရင် ရုံးခန်းခနလာခဲ့ပါဦးတဲ့"
ဆေးဗားရပ်စ် က သူ့ရဲ့အသံနက်ကြီးဖြင့် တည်တည်ငြိမ်ငြိမ်ပြောသည်..။
"အော်...အေး!!"
လူစီးရပ်စ် ဆီက ထောက်ခံကြောင်းလက်မှတ်ရပြီးနောက် ပြန်တော့မည်အလုပ်....
"Sev...!!"ဆိုသောအသံကြောင့် ခြေလှမ်းများ ရပ်တန့်သွားရပြန်သည်...။
"ပြော..!!!"
"ဟို.... ငါနဲ့ Date မလား?"
လခွမ်း...ငါပြောချင်တာ အဲ့လို မဟုတ်ဘူးလေ..!
အဲလစ်စ်၏ ဝိဉာဉ်ကို တစ်စုံတစ်ယောက်က လက်ဦးသွားပြန်သည်...။
တခြားအချိန်တွင် အဆင်ပြေနေသော်လည်း ဆေးဗားရပ်စ် နဲ့ တွေ့ရင်တော့ ကိုယ့်စိတ်ကိုယ်မပိုင်တော့..။