26

394 26 11
                                    

Uni

"ဂါရဝပြုကြလေ ဘာလို့ကြောင်ကြည့်နေကြတာလဲ"

တစ်ယောက်နဲ့တယောက်ကြောင်ကြည့်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး စနိပ်မှာရယ်ရခက်၊ငိုရခက်။

"အမ်..ဟုတ်ကဲ့"

"အမိုနိုရာ"(မှော်နှင်တံလွတ်ကျရုံမျှသာအားပျော့သောမန္တာန်)

"အိတ်စ်ပဲလီအားမတ်"

ပွဲကတဖြည်းဖြည်းပျင်းဖို့ကောင်းလာသည်။ဟယ်ရီနှင့်ဒရေကိုက ပြိုင်ပွဲထဲရောက်နေသလိုမဟုတ်ဘဲ ချစ်ကျီစယ်နေသလို တစ်ယောက်နဲ့တစ်ယောက် အနိုင်အရှုံးမရှိ။လက်နက်ပင်မပြုတ်ကျပဲ မန္တာန်များကအလယ်မှာတင် ရပ်ရပ်သွားသည်။

"အားပြင်းတာသုံးကြစမ်းပါ!မင်းတို့ကို တခြားဟာမသင်ထားဘူးလားကွ"

ပါမောက္ခစနိပ်၏စိတ်မရှည်သောလေသံကကျယ်လောင်စွာထွက်လာသည်။
ပွဲကြည့်သူတွေလည်း အိပ်ငိုက်ကြတော့မည်။

"အီနိုမော့စီ.."

ဘုတ်...

ဟယ်ရီ့မန္တာန်ကြောင့်ဒရေကိုလဲကျသွားသည်။ပွဲပြီးပြီ..ပွဲသည် စိတ်ပျက်စရာကောင်းစွာသိမ်းသွားသည်။

ဟယ်ရီ ဒရေကို့ကို တောင်းပန်ပါတယ်ဆိုတဲ့မျက်လုံးများနဲ့သာကြည့််လိုက်သည်။
လဲကျနေတဲ့ဒရေကိုကလည်း မျက်လုံးပြန်မှိတ်ပြသည်။
သူအဆင်ပြေပါသည်ပေါ့။

"ဒရေကို!မင်းဘာလို့ပြန်မတိုက်ခိုက်တာလဲ!"

"Sir...ကျွန်တော်.."

"တိတ်စမ်း!"

စလေသရင်းရဲ့အသင်းဆရာအဖြစ်မာနကြီးတဲ့ဆေးဗားရပ်စ်က ဒရေကို့အပေါ်မျှော်လင့်ချက်တအားကြီးသည်ကိုဟယ်ရီသိပါသည်။

"ကံကောင်းသွားတယ်ဟယ်ရီ..ပြီးတော့..အဟမ်းး တော်တယ်"

ပါမောက္ခစနိပ်က သူ့ဝတ်ရုံရှည်ကြီးကိုမြှောက်ပြီး တစ်တန်းလုံးကြားအောင်အော်ပြောလိုက်သည်။

"The class is over!!!"

________________

"ဟေးး အဆင်ပြေရဲ့လား"

ဟယ်ရီရဲ့မရဲတရဲအမေးကိုဒရေကို ရယ်သာရယ်မိသည်။
သူ့ကိုရှက်နေသည့်မျက်မှန်နဲ့ကောင်လေးက အကြည့်ချင်းတောင်မဆုံပါဘဲနဲ့။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now