Part 1

500 33 1
                                    


phone screen ကိုဖွင့်ကြည့်လိုက်တော့ နာရီက မနက်နှစ်နာရီရှိနေကြောင်းပြတာ ဂျေ တွေ့လိုက်ရတယ်။ သူတို့ အဆောင်ကိုပြန်ရောက်ဖို့ မိနစ်နှစ်ဆယ်လောက်လိုဦးမယ်ထင်တယ်။ ကားထဲက သူ့မန်ဘာတွေအကုန်လုံးက ပင်ပန်းနေ ကြလို့ ကားခုံကိုမှီပြီး အိပ်နေကြတာ နှစ်နှစ်ခြိုက်ခြိုက်။ နားကြပ်ကိုနားထဲထိုးထည့်ရင်း သူ့အရှေ့ခုံက ဒိုယောင်းပခုံး ကိုမှီပြီး အိပ်နေတဲ့ဂျောင်ဝူးရဲ့ ခရမ်းဖျော့ရောင် ဆံပင်စုတ်ဖွားကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ်။

"Cute"

ကားပြတင်းကို အကြည့်မလွှဲခင် စက္ကန့်နည်းနည်းလောက်ထပ်ပြီး အရှေ့ခုံကိုစိုက်ကြည့်နေပြီးမှ အပြင်ကလမ်းမီးတွေ ကို ဂျေ အကြောင်းမဲ့ငေးနေလိုက်တယ်။ သူလဲအရမ်းပင်ပန်းပေမယ့် အိပ်မပျော်လောက်ဘူး။ သူဒီလိုအိပ်မပျော်တာ  နည်းနည်းတော့ကြာပြီ။

ဘယ်အချိန်ကနေစဖြစ်ခဲ့လဲ သူသေချာမမှတ်မိဘူး။ သေချာတာက နှစ်နှစ်ခြိုက်ခြိုက်မအိပ်ဖြစ်တာ တော်တော်လေး ကြာပြီဆိုတာပဲ။

သူတို့ကားက ဖြည်းဖြည်းချင်းဘရိတ်အုပ်လိုက်တော့ မန်ဘာတွေတစ်ယောက်ပြီးတစ်ယောက်နိုးလာတယ်။ ကားပေါ်က ဆင်းပြီးတဲ့နောက်မှာ အားလုံးကတိတ်တဆိတ်ပဲ အဆောင်ဓာတ်လှေကားကို ဦးတည်ကြရတယ်။ ဂျေက ဖွင့်ထားတဲ့ သီချင်းသံကို နည်းနည်းတိုးပြီးလမ်းလျှောက်နေရင်း သူ့ရှေ့မှာ ခရမ်းဖျော့ရောင်ဆံပင်စုတ်ဖွားက ထယ်ယုံးကို မှီပြီး အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ လမ်းလျှောက်နေတာတွေ့တော့ သူပြုံးမိပြန်တယ်။ ဟုတ်တယ်။ ဒီကောင်လေးရဲ့ အချို့ အပြုအမူသေးသေးလေးတွေက သူ့ကိုခဏခဏပြုံးမိစေတာအမှန်။ သူ 127 မန်ဘာအသစ်အနေနဲ့ စဝင်လာကတည်းက သူအမြဲ ဒီလိုခဏခဏပြုံးနေမိတယ်ထင်တယ်။

"ငါခေါ်သွားလိုက်မယ်"

ထယ်ယုံးပခုံးပေါ်ကနေ ဂျောင်ဝူးကို လက်လွှဲပြောင်းယူပြီး သူတို့အထပ်ကိုတက်မယ့် ဓာတ်လှေကားထဲ အသီးသီး ဝင်လိုက်ကြတယ်။ ထယ်ယုံး၊ ဒိုယောင်း၊ ဂျော်နီ၊ ဟယ်ချန်းတို့က ၅ လွှာမှာ။ သူရယ်၊ ဂျောင်ဝူးရယ်၊ ယူတရယ်၊ ထယ်အီးလ်ရယ်၊ မာ့ခ်ရယ်က ၁၀လွှာမှာ။

Sleepless Cities ~ ♥︎Where stories live. Discover now