Zawgyi part 2

23 4 0
                                    

နောက်ဆုံးအခေါက်အနေနဲ့သူတို့အကကျင့်ပြီးတဲ့နောက်မှာ ဟယ်ချန်းက ကြမ်းပြင်ပေါ်လှဲချလိုက်တယ်။ သူ့ဆံပင်တွေကို ရှုပ်ပွအောင်ခါလိုက်ပြီး

"မောလိုက်တာ..သေမလိုပဲ"

မျက်နှာကြက်ကိုမော့ကြည့်ပြီးဟယ်ချန်းကဆက်ပြော

တယ်။

"အခုချိန်ငါဘာဖြစ်ချင်နေမှန်းသေချာတောင်မသိတော့ဘူး၊ နှစ်နာရီလုံးလုံးအနှိပ်ခံချင်တာလား၊ ရေနွေးကန်ထဲ စိမ်ပစ်ချင်တာလား၊ ဘူဖေးပဲ စားချင်တာလားမသဲကွဲဘူး"

သေချာတာကတော့ သူတို့တော်တော်လေးပင်ပန်းနေကြပြီဆိုတာပဲ။ အခုတစ်ခေါက် title သီချင်းဖြစ်တဲ့ "Punch" ရဲ့ကကွက်တွေကို မနက်နိုးတာနဲ့ ဆယ်နာရီလုံးလုံးဆက်တိုက် သူတို့လေ့ကျင့်နေခဲ့ကြတာ တစ်ခုမှလစ်ဟာသွားတာ မျိုးမရှိအောင် အသေးစိတ်ဂရုတစိုက်နဲ့ စိတ်နှစ်ပြီးလေ့ကျင့်ခဲ့ကြလို့လားမသိဘူး အားလုံးကတော်တော်လေး ခြေကုန်လက်ပန်းကြနေပြီ။

"ဒီနေ့တော့ဒီလောက်နဲ့တော်ကြမလား"

ဒိုယောင်းက သောက်လက်စရေဘူးကို ဂျောင်ဝူးကိုလှမ်းပေးလိုက်ရင်းပြောလိုက်တယ်။

"ဒါမှမဟုတ် တစ်ခုခုဖြစ်ဖြစ်စားရအောင်"

စားမယ်ဆိုတဲ့အသံကြားတာနဲ့ ဂျောင်ဝူးမျက်လုံးတွေအရောင်တောက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတာကို ဂျေ က ရေသောက်နေရင်း လှမ်းမြင်ဖြစ်အောင်မြင်လိုက်တယ်။ သူပြုံးမိပြန်တယ်။

ကြမ်းပြင်ပေါ်လှဲနေတဲ့ ဟယ်ချန်းက ဝမ်းသာအားရ

ထောက်ခံလိုက်တယ် "စားမယ်လေ ...စပ်တဲ့ဟာတစ်ခုခုစားချင်တယ်..အဲ့ဒါပြီးရင် ရေခဲမုန့်ဖြစ်ဖြစ်စားမယ်လေ"

"နောက်ဆုံးတစ်ခေါက်လောက်ထပ်ကပြီးရင်

သွားမယ်လေ" ထယ်ယုံးကတောင်းဆိုတယ်။

အိုကေ။ နောက်ဆုံးတစ်ခေါက်။ အားလုံးကကျန်သမျှအားအင်တွေစုပြီး နေရာယူလိုက်ကြတယ်။ ထယ်ယုံးက သူတို့အရှေ့မှာ ထောင်ထားတဲ့ ဖုန်းမှာဗီဒီယိုရိုက်ဖို့သွားပြင်ဆင်ပြီးမကြာမီသူတို့စလိုက်ကြတယ်။

Sleepless Cities ~ ♥︎Onde histórias criam vida. Descubra agora