Part 3 (a little throwback)

233 23 0
                                    

back to 2014 - 2019

Trainne ကာလတွေကတည်းက ဂျေနဲ့ဂျောင်ဝူးက တော်တော်လေးရင်းနှီးပြီး အဲ့ဒီကတည်းက တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းလေးသိလာတယ်လို့ ပြောလို့ရတယ်။ သူတို့နှစ်ယောက်က အကြိုက်ချင်းတူတာ ခပ်ရှားရှား ဆိုပေမယ့် Japan Ramen တွေစားရတာကြိုက်တာတို့၊ music ကို genre မရွေးဘဲ အကုန်နားထောင်တတ်တာတို့၊ အားလပ်ရက်တွေမှာ ရုပ်ရှင်၊ ပွဲတွေသွားကြည့်ရတာတို့ ကြိုက်တာချင်းတော့တူနေပြန်တယ်။ အဲ့ဒါကြောင့် trainne ကာလတွေမှာဂျောင်ဝူးကို အပြင်ခေါ်ပြီး ခေါက်ဆွဲအတူသွားစားဖြစ်သလို၊ ရုပ်ရှင်တွေလည်း သွားကြည့် ဖြစ်ခဲ့ကြတယ်။ အဲ့ဒီကတည်းက ဂျောင်ဝူးနဲ့သူနဲ့က အတိုင်အဖောက်အရမ်းညီသလို နှစ်ယောက်ကြား ကတောက်ကဆ ဖြစ်တာမျိုးမရှိခဲ့ဖူးဘူး။

သေချာတာတစ်ခုကတော့ အဲ့ဒီကတည်းက အရာရာမှာ စိတ်အားငယ်လွယ်ပြီး စိတ်ထားနူးညံ့တဲ့ဒီကောင်လေး၊ ဘေးမှာတစ်ယောက် အမြဲရှိနေဖို့လိုအပ်နေတဲ့ပုံစံအမြဲဖြစ်နေတဲ့ဒီကောင်လေးကို ဂျေ အလိုလိုအာရုံစိုက်မိနေ တာတော့အမှန်။ ဂျေကို SM Rookies အဖြစ်မိတ်ဆက်ပေးပြီးနောက်ပိုင်းမှာ သူတို့အဆက်သွယ် သိပ်မလုပ်ဖြစ်တော့သလို တွေ့လဲမတွေ့ ဖြစ်တော့ဘူး။ ဂျေ က music show တွေ၊ photoshoot တွေနဲ့ အလုပ်ရှုပ်နေခဲ့ရင် ဂျောင်ဝူးက ကျောင်းတစ်ဖက် လေ့ကျင့်မှုတွေတစ်ဖက်နဲ့။ တစ်ခါတစ်လေ message နဲ့ သီချင်းတွေအပြန်အလှန်ပို့ဖြစ်ပြီး တစ်ယောက်အခြေအနေတစ်ယောက် မေးတာလောက်ပဲ လုပ်ဖြစ်ခဲ့ကြတယ်။ ဂျေအနေနဲ့တော့ တစ်ခါတစ်လေ ဂျောင်ဝူးတစ်ယောက် သူတို့နဲ့ရှိနေတုန်းကလို အဆင်ပြေပြေဖြစ်နေပါ့မလားဆိုပြီး တွေးမိတဲ့အချိန်တွေတော့ရှိပေမယ့် အဲ့ဒီထက်တော့ မပိုခဲ့ဘူးထင်တာပဲ။

သူတို့ကောင်းကောင်းလေးပြန်တွေ့ပြီး စကားကောင်းကောင်းပြန်ပြောဖြစ်တာ ဂျောင်ဝူးနဲ့လုကပ်စ် NCT U အနေနဲ့ debut ဖို့ဖြစ်လာတဲ့အချိန်။ အဲ့ဒီမတိုင်ခင်တော့ ဂျောင်ဝူးက sm rookies အနေနဲ့ show တွေသွားရ၊ back dancer အနေနဲ့သွားရတဲ့အချိန်တွေမှာ ကြိုကြားကြိုကြားတွေ့ဖြစ်ခဲ့ကြပေမယ့် နှုတ်ဆက်တာလောက်ပဲလုပ်နိုင်ခဲ့ကြတာ။

Sleepless Cities ~ ♥︎Donde viven las historias. Descúbrelo ahora