Final ^^

304 27 0
                                    

သူတို့နှစ်ယောက်အကြောင်းကို မန်ဘာတွေကိုပြောဖို့ နေ့ရွှေ့ညရွှေ့လုပ်လာရာကနေ ဂျောင်ဝူးက ဒီမနက်တော့ ပြောလိုက်ဖို့ဆုံးဖြတ်ထားဟန်ရှိတယ်။ အားလုံးကိုမပြောပြရသေးခင် သူတို့ ၁၀လွှာက မန်ဘာတွေကိုတော့အရင် ပြောရမယ်မလား။ ဒီနေ့ကတော်တော်ကြာမှ သူတို့ငါးယောက်လုံး မနက်စာအတူစားဖြစ်တာ။

ထမင်းစားပွဲမှာ ယူတနဲ့မာ့ခ်ရဲ့အပြန်အလှန်စနောက်နေတာကိုသူအားရပါးရရယ်မိနေတုန်း ဂျောင်ဝူးက စားပွဲအောက်ကနေ သူ့ဒူးနဲ့လှမ်းတိုက်လိုက်တယ်။

သူမျက်ခုံးပင့်ပြလိုက်တော့ ဂျောင်ဝူးက သူကြားရုံခပ်တိုးတိုးဆိုတယ်။

"အခုပြောလိုက်ရင်ကောင်းမယ်နော်"

ဂျောင်ဝူးကို သူနည်းနည်းအကဲခတ်ကြည့်လိုက်တော့ ကောင်လေးကစိတ်လှုပ်ရှားနေသလိုပဲ။

"ရတယ်လေ..ဂျောင်ဝူးကပြောဖို့အဆင်ပြေရင်ငါလဲအဆင်ပြေပါတယ်"

သူပြုံးပြပြီး ဂျောင်ဝူးလက်ကိုဆွဲညှစ်လိုက်တော့ ကောင်လေးကကျေနပ်သွားဟန်နဲ့ ပြန်ပြုံးပြတယ်။ ပြီးတာနဲ့ သူစားပြီးသားပန်းကန်ကိုဘေးရွှေ့ပြီး စကားပြောဖို့ပြင်လိုက်တာကို ယူတကတွေ့တော့ သူတို့နှစ်ယောက်ကို စိုက်ကြည့်ပြီး

"ဘာလဲ မင်းထပ်ပြီးအနားယူမယ်လို့မပြောနဲ့နော်"

"ဟမ်...အာ မဟုတ်ဘူး hyung"

ဂျောင်ဝူးကဘာဆက်ပြောရမယ်မှန်းမသိဘဲသူ့ကိုလှမ်းကြည့်လာတော့ သူဝင်ပြောမှရတော့မယ်ထင်တယ်။

"ငါတို့နှစ်ယောက်တွဲနေပြီ!!"

သူ့စကားဆုံးပြီး စက္ကန့်အနည်းငယ်လောက်က တိတ်ဆိတ်သွားသလိုပဲ။

ထယ်အီးလ်က အိပ်ချင်မူးတူးဖြစ်နေလို့ လားတော့မသိပေမဲ့ သူ့ဆီကနေဘာ reaction မှမရှိဘူး။ ယူတနဲ့မာ့ခ် ကတော့ သူတို့နှစ်ယောက်ကို ခုနကအတိုင်း စိုက်ကြည့်နေပြီးနောက်မှာ မာ့ခ်က ယူတ ရင်ဘတ်ကို တဖုန်းဖုန်းရိုက်ပြီးအသံထွက်ရယ်နေတော့တယ်။

"hyung...ငါဘာပြောလဲ...ငါဘာပြောခဲ့လဲ"

"အေးကွာ...မင်းပြောတာယုံလိုက်ရမှာ ...မင်းကိုဘယ်လောက်ပေးရမှာလဲအဲ့တာဆို"

Sleepless Cities ~ ♥︎Onde histórias criam vida. Descubra agora