Part 4

268 21 2
                                    

back to present

"Beyond the Origin" concert နေ့ကဂျောင်ဝူးဆီက မမျှော်လင့်ဘဲဖွင့်ပြောခံလိုက်ရတာနဲ့ပတ်သက်ပြီးနှစ်ယောက်လုံးစကားသေချာပြန်မပြောရသေးခင်

တစ်ယောက်ခံစားချက်တစ်ယောက်နားလည်ပြီး လျှက်တပြတ်ဖွင့်ပြောခဲ့မှုတွေကို အပြည့်အဝပျော်ရဖို့ ဂျေကို အခြေအနေအချို့က အခွင့်မပေးခဲ့ဘူး။

သူနဲ့ပတ်သက်ပြီး Dispatch ရဲ့ အကြီးအကျယ်ဝေဖန်ထားတဲ့ခေါင်းစဉ်နဲ့ ထွက်ချလာတဲ့သတင်းက သူ့ကိုရော ကုမ္ပဏီကိုရော ခေါင်းကိုက်စရာအကြီးကြီးဖြစ်စေတော့တယ်။ အမှန်တိုင်းဝန်ခံရရင် သူ့အနေနဲ့ ဒီလိုကာလမှာ စိတ်အလိုလိုက်ပြီး တစ်ကြိမ်လောက်အပြင်ထွက်ခဲ့တာ အမှားအကြီးကြီးတစ်ခုဆိုတာ သူလက်ခံပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ကအခု comeback ကာလဖြစ်နေတာမလို့ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် အဖွဲ့ကိုရော၊ အဖွဲ့ဝင်တွေအပေါ်ကိုရော ထိခိုက်မှုတွေရှိသွားမှာ သူတကယ်မလိုလားဘူး။

သတင်းထွက်လာတဲ့ညမှာပဲ ကုမ္ပဏီက management team နဲ့ သူ အစည်းအဝေးထိုင်ရတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်တွေကတော့ ကုမ္ပဏီရဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း official statement တစ်ခုထုတ်မယ်။

လက်တလော ဂျေ က low profile နေရမယ်။ ဒါပါပဲ။

သူတို့မန်နေဂျာအကိုက Instagram မှာတောင်းပန်စာပါ ရေးဖို့တိုက်တွန်းတယ်။ အခုချိန် သူ့ကိုစိတ်ပူပေးနေကျတဲ့ ဖန်တွေကိုအားနာစိတ်နဲ့ပြည့်နေတာမလို့ ဂျေ ခေါင်းအသာအယာညိတ်ပြီး လက်ခံမိတယ်။ တကယ်တော့ ဖန်တွေပြီးရင် အခုချိန်သူအားနာမိဆုံးက သူ့ရဲ့မန်ဘာတွေ။ အပြန်လမ်းတစ်လျှောက် တောင်းပန်စကားတွေပြောဖို့ သူ စကားလုံး တွေစီထားမိတယ်။

အဆောင်ပြန်ရောက်တော့ မန်ဘာတွေအကုန်လုံးက သူတို့၁၀လွှာမှာစုနေကြတယ်။ ညနေကထမင်း အတူစားဖြစ်ကြတယ်ထင်တယ်။ သူစိတ်သက်သာရာရမိတာက မန်ဘာတွေ သူ့ကိုအထူးတလှယ် မေးခွန်းတွေမမေးကြဘူး။

"hyung ထမင်းမစားရသေးဘူးမလား...ဒီနေ့အီမိုးနင်းမ် ချက်ထားတဲ့စွပ်ပြုတ်တော်တော်သောက်လို့ကောင်းတယ်"

Sleepless Cities ~ ♥︎Where stories live. Discover now